တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်သင်တန်းသားများအလိုရှိသည်

 

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်သင်တန်းသားများအလိုရှိသည်

 

၁။      လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့်ပြည့်စုံရမည်-

        (က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(လူပျို)ဖြစ်ရမည်။

        (ခ )  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် အသက်(၁၇)နှစ်အောက် မငယ်ရ၊ (၂၀)နှစ်ထက်မကြီးရ။

        (ဂ)  ၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်သူဖြစ်ရမည်။

       (ဃ)   အနည်းဆုံးအရပ်(၅)ပေ(၃)လက်မ၊ ကိုယ်အလေးချိန်ပေါင်(၁၀၀)ထက်မနည်းရ၊ ပေါင်(၁၄၀)ထက်မကျော်ရ။

       (င)     မျက်မှန်တပ်ဆင်ထားသူ မဖြစ်စေရ။    

၂။  လျှောက်လွှာများအား နီးစပ်ရာ တပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal (www.myawady. net.mm/nurse(male))တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၁၆-၁၀-၂၀၂၄ ရက်နေ့မှစ၍ ၁၈-၁၁-၂၀၂၄ ရက်နေ့အတွင်း နီးစပ်ရာ တပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

       (က)   နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

       (ခ )   တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်။

      (ဂ )    အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ တင်ပြသည့် နေ့မတိုင်မီ တစ်လအတွင်း ရရှိသည့် ထောက်ခံစာ(မူရင်း)။

      (ဃ)   တစ်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ(၃)ပုံ။

      (င )   အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)မိတ္တူ။

      (စ )    မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။

၃။  သင်တန်းဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့် ဇီဝဗေဒဘာသာတွဲတို့ကို တက္ကသိုလ်ဝင်စာမေးပွဲ သင်ရိုး ညွှန်းတမ်းအတိုင်း အမှတ်(၃)စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ နေပြည်တော်၌ ၁-၁၂-၂၀၂၄ ရက်နေ့တွင် ဖြေဆိုကြရမည်ဖြစ်ပါ သည်။ (မေးခွန်းနမူနာပုံစံများအား Myawady Webportal (www.myawady. net.mm/nurse(male))တွင် ဝင်ရောက် လေ့လာနိုင်သည်။)

၄။  အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် ၁၁-၁၂-၂၀၂၄ ရက်နေ့မှ ၁၇-၁၂-၂၀၂၄ ရက်နေ့အတွင်း တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက်အစစ်ဆေးခံရမည်။ တပ်မတော်ဗိုလ်ရွေးအဖွဲ့မှ စစ်ဆေးအောင်မြင်သူများကို စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းများပြုလုပ်၍ ဆေးစစ်အောင်မြင်သူများကို သင်တန်းသားအဖြစ် အတည်ပြုရွေးချယ်မည်။

၅။  သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ်(၁၆၈၀၀၀)ကျပ်၊ ဒုတိယနှစ်(၁၇၄၀၀၀)ကျပ်၊ တတိယနှစ်(၁၈၀၀၀၀)ကျပ်၊ စတုတ္ထနှစ် (၁၈၆၀၀၀)ကျပ် ရရှိမည်။

၆။  သင်တန်းအောင်မြင်ပြီးလျှင် မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် အောက်ပါဘွဲ့များ အပ်နှင်းပေးမည်-

     (က)   သူနာပြုသိပ္ပံဘွဲ့ B.N.Sc(Bachelor of Nursing Science)

     (ခ )   ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ B.Pharm(Bachelor of Pharmacy)

     (ဂ )   ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာဓာတ်ခွဲနည်းပညာ)  B.Med.Tech(Medical Laboratory Technology)

    (ဃ)  ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာခန္ဓာသန်စွမ်းမှုနည်းပညာ)  B.Med.Tech(Physiotherapy)

    (င )  ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ)  B.Med.Tech(Medical Imaging Technology)

    (စ)  ခြေတုလက်တုနှင့်အားပြုကိရိယာနည်းပညာသိပ္ပံဘွဲ့   B.Med.Tech(Prosthetics and Orthotics)

၇။ သင်တန်းပြီးမြောက်အောင်မြင်သောအခါ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု(Nurse)နှင့် ဆေးဘက်ကျွမ်းကျင်သူ များအဖြစ် ခန့်အပ်ပေးမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီပါက မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် မဟာသိပ္ပံဘွဲ့ (Master of Science) နှင့် ပါရဂူဘွဲ့(Ph.D)သင်တန်းများ တက်ရောက်ခွင့်ရရှိမည်။

၈။တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု(Nurse)/ဆေးဘက်ကျွမ်းကျင်သူ(တတိယတန်း) အမှုထမ်းသက်(၁)နှစ်၊ အထက်တန်းသူနာပြု/ဆေးဘက်ကျွမ်းကျင်သူ(ဒုတိယတန်း)အမှုထမ်းသက်(၂)နှစ်၊ စုစုပေါင်း ၃ နှစ် ပြည့်မြောက်ပြီး သက်ဆိုင်ရာ တို့မှ ပြန်တမ်းဝင်အရာရှိအဖြစ် အဆင့်တိုးမြှင့်ပေးရန် ထောက်ခံတင်ပြလျှင် ဒုတိယဗိုလ်(အထက်တန်းသူနာပြု/ကျွမ်းကျင်သူ (ဒုတိယတန်း))အဖြစ် စတင်ခန့်အပ်ပေးမည်။

မှတ်ချက်။     အသေးစိတ်သိရှိလိုပါက မိမိတို့လျှောက်လွှာထုတ်ယူခဲ့သည့် တပ်/ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။