နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုပြိုင်ပွဲ စာမူများ ဖိတ်ခေါ်ခြင်း
၁။ ၂၀၂၅ ခုနှစ်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုပြိုင်ပွဲဝင်ရန် စာမူများဖိတ်ခေါ်အပ်ပါသည်။ ဆုရရှိသော ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်းများအား မြဝတီရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ကဗျာနှင့်ဝတ္ထုများအား စာအုပ်အဖြစ် စီစဉ်ထုတ်ဝေ သွားမည်ဖြစ်ပါသည်။
၂။ ပြိုင်ပွဲဝင်စာမူများတွင် ပါဝင်ရမည့်အချက်များ
(က) မြန်မာနိုင်ငံဟူ၍ ဖြစ်တည်ပေါ်ပေါက်လာသည့်အချိန်မှစပြီး တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့သည့် အဖွဲ့အစည်း တစ်ရပ်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြောင်း၊ ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်တွင် အမျိုးသားရေးကို မည်သည့်အခါမျှ သစ္စာမဖောက်ခဲ့သည့်အပြင် စွန့်လွှတ်စွန့်စားခြင်း၊ အနစ်နာခံခြင်း များစွာဖြင့် ပြည်တွင်းပြည်ပရန်ဟူသမျှကို ချေမှုန်းသုတ်သင်နိုင်ခဲ့သည့် အစဉ်အလာကောင်းများ ရှိကြောင်း၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးကာလများတွင်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူ လက်တွဲတိုက်ပွဲဝင်ကာ မြန်မာ့လွတ်လပ်ရေးအတွက် အသက်သွေးချွေးများစွာ ပေးဆပ်ခဲ့သည့်အကြောင်းများကို ထည့်သွင်း ရေးသား၊ စပ်ဆိုဖွဲ့နွဲ့သီကုံးနိုင်သည်။
( ခ ) ထို့ပြင် တိုင်းပြည်တွင် အရေးကြုံအခက်အခဲပေါ်ပေါက်လာတိုင်း တည်ငြိမ်ဖြောင့်မတ်စွာသုံးသပ်လျက် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားကာ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက် သည်များကို ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုတပ်မတော်ကြီးဖြစ်သည့် အားလျော်စွာ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ တစ်တိုင်းပြည်လုံး ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် တပ်မတော်ခေါင်းဆောင်အဆက်ဆက်တို့ ကြိုးပမ်းဆောင်ရွက်ခဲ့၊ ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူလူထုအကျိုးစီးပွားအတွက် အားချိန် နားချိန်မရှိဘဲ အချိန်ပြည့် တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြောင်းများကိုလည်း ထည့်သွင်းရေးသား ဖော်ကျူးနိုင်သည်။
( ဂ ) အထက်ပါအချက်များထဲက အချက်တစ်ခုခုကိုဖြစ်စေ၊ အများအပြားကိုဖြစ်စေ ထည့်သွင်းဖွဲ့ဆိုရေးသားနိုင်သည်။
၃။ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်းကဏ္ဍသတ်မှတ်ချက်များ
(က) တပ်မတော်နှင့်သက်ဆိုင်ပြီး စိတ်ဓာတ်တက်ကြွဖွယ်စာသားများ ပါဝင်ရမည်။
( ခ ) တပ်မတော်၏ဂုဏ်ရည်၊ တပ်မတော်သားတို့၏ဘဝကို ထင်ဟပ်ဖော်ပြနိုင်စွမ်းရှိရမည်။
( ဂ ) တေးသီချင်းတစ်ပုဒ် ကြာမြင့်ချိန် ၃ မိနစ်ထက်မနည်း ၅ မိနစ်ထက်မများ ဖြစ်ရမည်။
( ဃ ) အသံသွင်းပြီးသီချင်းခွေနှင့်အတူ သီချင်းစာသား Note မိတ္တူ ၃ စုံပေးပို့ရမည်။
( င ) ပြိုင်ပွဲဝင်များအနေဖြင့် သံစုံတီးဝိုင်းဖြင့် တီးခတ် အသံသွင်းရန် အခက်အခဲ ရှိပါက နီးစပ်ရာတိုင်းစစ်ဌာနချုပ်များရှိ စစ်တီးဝိုင်းများတွင် သွားရောက်တီးခတ်၍ အသံသွင်းနိုင်သည်။
၄။ ကဗျာ(အလွတ်တန်း/ဝါသနာရှင်)စာမူကဏ္ဍ သတ်မှတ်ချက်များ
(က) မြန်မာဂန္ထဝင်ကဗျာရေးထုံးနှင့်ကိုက်ညီသည့်ကဗျာဖြစ်ရမည်။
( ခ ) ကဗျာ(အလွတ်တန်း)တွင် ပါဒ ၃၀၀ မှ ၄၀၀ အတွင်း၊ ကဗျာ(ဝါသနာရှင်)တွင် ပါဒ ၂၅၀ မှ ၃၀၀ အတွင်း ပါဝင်ရမည်။ (လေးလုံးစပ်ကဗျာတွင် စာလုံးလေးလုံးသည် တစ်ပါဒဖြစ်ပြီး အချိုးကဗျာတွင် စာကြောင်းတစ်ကြောင်းသည် တစ်ပါဒဖြစ်သည်။)
( ဂ ) ကဗျာတွင် မိမိယှဉ်ပြိုင်လိုသည့်အဆင့်ကို (အလွတ်တန်းအဆင့်)၊ (ဝါသနာရှင်အဆင့်) ဟူ၍ သိသာစွာရေးသားဖော်ပြရမည်။
( ဃ ) ယှဉ်ပြိုင်သူတစ်ဦးတည်းက ကဗျာ(အလွတ်တန်းအဆင့်)နှင့် ကဗျာ(ဝါသနာရှင်အဆင့်) နှစ်မျိုးစလုံးတွင် တစ်ပြိုင်နက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရ။
( င ) အမျိုးသားစာပေဆု(ကဗျာ)၊ စာပေဗိမာန်စာမူဆု(ကဗျာ)၊ ပခုက္ကူဦးအုံးဖေစာပေဆု (ကဗျာ) ရရှိပြီးသူများ၊ ယခင်တပ်မတော်နေ့ အထိမ်းအမှတ် စာမူပြိုင်ပွဲများတွင် ကဗျာ(ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိဖူးသူများ အနေဖြင့် ကဗျာ(အလွတ်တန်း အဆင့်) တွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်။
၅။ ဝတ္ထုတို/ဝတ္ထုရှည်(အလွတ်တန်း/ဝါသနာရှင်)စာမူကဏ္ဍ သတ်မှတ်ချက်များ
(က) ဝတ္ထုတို၊ ဝတ္ထုရှည်အင်္ဂါရပ်များနှင့် ညီညွတ်ရမည်။
( ခ ) ရသမြောက်စွာရေးဖွဲ့ရမည်ဖြစ်ပြီး စကားပြေရေးဟန်နှင့် စကားပြော ရေးဟန် ရောနှောရေးသားခြင်းမပြုရ။
( ဂ ) ဝတ္ထုတိုတွင် စာလုံးရေ ၆၀၀၀ မှ ၈၀၀၀ အကြားသတ်မှတ်သည်။ ဝတ္ထုရှည်တွင် စာလုံးရေ ၅၀၀၀၀ အောက်မနည်းစေရ၊ ၆၀၀၀၀ ထက် မများစေရ။
( ဃ ) ဝတ္ထုတို/ဝတ္ထုရှည်တွင် မိမိယှဉ်ပြိုင်လိုသည့် အဆင့်ကို (အလွတ်တန်းအဆင့်)၊ (ဝါသနာရှင်အဆင့်) ဟူ၍ သိသာစွာရေးသားဖော်ပြရမည်။
( င ) ယှဉ်ပြိုင်သူတစ်ဦးတည်းက ဝတ္ထုတို/ဝတ္ထုရှည် (အလွတ်တန်းအဆင့်)နှင့် (ဝါသနာရှင်အဆင့်)နှစ်မျိုးစလုံးတွင် တစ်ပြိုင်နက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရ။
( စ ) အမျိုးသားစာပေဆု(ဝတ္ထုတို/ဝတ္ထုရှည်)၊စာပေဗိမာန် စာမူဆု (ဝတ္ထုတို/ ဝတ္ထုရှည်)၊ ပခုက္ကူ ဦးအုံးဖေစာပေဆု(ဝတ္ထုတို/ဝတ္ထုရှည်) ရရှိပြီးသူများ၊ ခင်တပ်မတော်နေ့အထိမ်းအမှတ် စာမူပြိုင်ပွဲများတွင် ဝတ္ထုတို/ဝတ္ထုရှည် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိဖူးသူများ အနေဖြင့် ဝတ္ထုတို/ဝတ္ထုရှည်(အလွတ်တန်းအဆင့်) တွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်။
၆။ စာမူများကို A4 ဆိုဒ်တစ်မျိုးတည်းတွင် စာမျက်နှာတစ်ဖက်တည်း၌သာ ရှင်းလင်းပီသသော လက်ရေးဖြင့်ဖြစ်စေ၊ ကွန်ပျူတာစာလုံး (စာလုံးအရွယ်အစား ၁၄) ဖြင့်ဖြစ်စေ ရေးသားရိုက်နှိပ်ပြီး ခိုင်ခံ့သေသပ်စွာ ချုပ်လုပ်၍ ၃ စုံစီပေးပို့ရမည်။
၇။ စာမူများတွင် ကိုယ်တိုင်ရေးသားကြောင်း၊ မည်သည့်စာနယ်ဇင်းတွင်မှ ပုံနှိပ်ဖော်ပြဖူးခြင်းမရှိကြောင်းနှင့် မည်သည့်ပြိုင်ပွဲတွင်မှ ဆုရရှိဖူးခြင်းမရှိကြောင်း ဝန်ခံချက်ပါရှိရမည်။
၈။ စာမူရှင်များ၏ နေရပ်လိပ်စာအပြည့်အစုံနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ထည့်သွင်းဖော်ပြရမည်။
၉။ ဆုချီးမြှင့်ခြင်းခံရပါက ကိုယ်တိုင်တက်ရောက် ဆုယူနိုင်သူဖြစ်ကြောင်း ကတိပြုချက်ပါရှိရမည်။
၁၀။ စာမူများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နောက်ဆုံးထား၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးသို့ပေးပို့ရမည်။
၁၁။ စစ်ချီသီချင်း ဆုချီးမြှင့်မည့်နှုန်းထားများ
(က) ပထမဆု ၁၀၀၀၀၀၀ ကျပ်
( ခ ) ဒုတိယဆု ၈၀၀၀၀၀ ကျပ်
( ဂ ) တတိယဆု ၇၀၀၀၀၀ ကျပ်
(ဃ) စတုတ္ထဆု ၆၀၀၀၀၀ ကျပ်
( င ) ပဉ္စမဆု ၅၀၀၀၀၀ ကျပ်
၁၂။ စစ်သည်တေးသီချင်း ဆုချီးမြှင့်မည့်နှုန်းထားများ
(က) ပထမဆု ၁၀၀၀၀၀၀ ကျပ်
( ခ ) ဒုတိယဆု ၈၀၀၀၀၀ ကျပ်
( ဂ ) တတိယဆု ၇၀၀၀၀၀ ကျပ်
(ဃ) စတုတ္ထဆု ၆၀၀၀၀၀ ကျပ်
( င ) ပဉ္စမဆု ၅၀၀၀၀၀ ကျပ်
၁၃။ ကဗျာ(ဝါသနာရှင်) ဆုချီးမြှင့်မည့်နှုန်းထားများ
(က) ပထမဆု ၅၀၀၀၀၀ ကျပ်
( ခ ) ဒုတိယဆု ၄၀၀၀၀၀ ကျပ်
( ဂ ) တတိယဆု ၃၀၀၀၀၀ ကျပ်
(ဃ) စတုတ္ထဆု ၂၀၀၀၀၀ ကျပ်
( င ) ပဉ္စမဆု ၁၅၀၀၀၀ ကျပ်
( စ ) အထူးဆု(၁) ၁၀၀၀၀၀ ကျပ်
(ဆ) အထူးဆု(၂) ၁၀၀၀၀၀ ကျပ်
( ဇ ) အထူးဆု(၃) ၁၀၀၀၀၀ ကျပ်
၁၄။ ကဗျာ(အလွတ်တန်း) ဆုချီးမြှင့်မည့်နှုန်းထားများ
(က) ပထမဆု ၇၀၀၀၀၀ ကျပ်
( ခ ) ဒုတိယဆု ၅၀၀၀၀၀ ကျပ်
( ဂ ) တတိယဆု ၄၀၀၀၀၀ ကျပ်
(ဃ) စတုတ္ထဆု ၃၀၀၀၀၀ ကျပ်
( င ) ပဉ္စမဆု ၂၀၀၀၀၀ ကျပ်
( စ ) အထူးဆု(၁) ၁၅၀၀၀၀ ကျပ်
(ဆ) အထူးဆု(၂) ၁၅၀၀၀၀ ကျပ်
( ဇ ) အထူးဆု(၃) ၁၅၀၀၀၀ ကျပ်
၁၅။ ဝတ္ထုတို(ဝါသနာရှင်) ဆုချီးမြှင့်မည့်နှုန်းထားများ
(က) ပထမဆု ၅၀၀၀၀၀ ကျပ်
( ခ ) ဒုတိယဆု ၄၀၀၀၀၀ ကျပ်
( ဂ ) တတိယဆု ၃၀၀၀၀၀ ကျပ်
(ဃ) စတုတ္ထဆု ၂၀၀၀၀၀ ကျပ်
( င ) ပဉ္စမဆု ၁၅၀၀၀၀ ကျပ်
( စ ) အထူးဆု(၁) ၁၀၀၀၀၀ ကျပ်
(ဆ) အထူးဆု(၂) ၁၀၀၀၀၀ ကျပ်
( ဇ ) အထူးဆု(၃) ၁၀၀၀၀၀ ကျပ်
၁၆။ ဝတ္ထုတို(အလွတ်တန်း) ဆုချီးမြှင့်မည့်နှုန်းထားများ
(က) ပထမဆု ၇၀၀၀၀၀ ကျပ်
( ခ ) ဒုတိယဆု ၅၀၀၀၀၀ ကျပ်
( ဂ ) တတိယဆု ၄၀၀၀၀၀ ကျပ်
(ဃ) စတုတ္ထဆု ၃၀၀၀၀၀ ကျပ်
( င ) ပဉ္စမဆု ၂၀၀၀၀၀ ကျပ်
( စ ) အထူးဆု(၁) ၁၅၀၀၀၀ ကျပ်
(ဆ) အထူးဆု(၂) ၁၅၀၀၀၀ ကျပ်
( ဇ ) အထူးဆု(၃) ၁၅၀၀၀၀ ကျပ်
၁၇။ ဝတ္ထုရှည်(ဝါသနာရှင်) ဆုချီးမြှင့်မည့်နှုန်းထားများ
(က) ပထမဆု ၇၀၀၀၀၀ ကျပ်
( ခ ) ဒုတိယဆု ၆၀၀၀၀၀ ကျပ်
( ဂ ) တတိယဆု ၅၀၀၀၀၀ ကျပ်
(ဃ) စတုတ္ထဆု ၄၀၀၀၀၀ ကျပ်
( င ) ပဉ္စမဆု ၃၀၀၀၀၀ ကျပ်
( စ ) အထူးဆု(၁) ၂၀၀၀၀၀ ကျပ်
(ဆ) အထူးဆု(၂) ၂၀၀၀၀၀ ကျပ်
( ဇ ) အထူးဆု(၃) ၂၀၀၀၀၀ ကျပ်
၁၈။ ဝတ္ထုရှည်(အလွတ်တန်း) ဆုချီးမြှင့်မည့်နှုန်းထားများ
(က) ပထမဆု ၁၀၀၀၀၀၀ ကျပ်
( ခ ) ဒုတိယဆု ၇၀၀၀၀၀ ကျပ်
( ဂ ) တတိယဆု ၆၀၀၀၀၀ ကျပ်
(ဃ) စတုတ္ထဆု ၅၀၀၀၀၀ ကျပ်
( င ) ပဉ္စမဆု ၄၀၀၀၀၀ ကျပ်
( စ ) အထူးဆု(၁) ၃၀၀၀၀၀ ကျပ်
(ဆ) အထူးဆု(၂) ၃၀၀၀၀၀ ကျပ်
( ဇ ) အထူးဆု(၃) ၃၀၀၀၀၀ ကျပ်
၁၉။ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများအား အခမ်းအနားဖြင့် ဂုဏ်ပြု ချီးမြှင့်မည်ဖြစ်သည်။
ပြိုင်ပွဲကျင်းပရေးကော်မတီ