ပခုက္ကူမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပုဂ္ဂလိကခရီးသည်တင်ယာဉ် ၁၀၀ စီးကျော် ကို ချောဆွဲကာ ပေါက်မြို့နယ်ရှိ လုံခြုံရေးစခန်းများထံသို့ ရိက္ခာပို့ရန် ပြင်ဆင်နေ ကြောင်း မဟုတ်မမှန်သတင်းတု သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ အောက်တိုဘာ-၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် အောက်တိုဘာလဆန်းပိုင်းမှစတင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရေးဂိတ်များ၊ မြို့အဝင်များတွင် ပုဂ္ဂလိကခရီးသွား ကားစီးရေ ၁၀၀ ကျော်ကို ချောဆွဲကာ ပေါက်မြို့နယ်ရှိ လုံခြုံရေးစခန်းများသို့ ရိက္ခာပို့ရန် ပြင်ဆင်နေကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းတု သတင်းမှားများကို ဝါဒဖြန့်ဝေလျက်ရှိသည်။
အဆိုပါ သတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်မြေ လုံခြုံရေးတာဝန်ရှိသူများ ၏ ပြောကြားချက်အရ ၎င်းဖြစ်စဉ်မှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ပခုက္ကူမြို့နယ်အတွင်း အကြမ်းဖက်သမားများ မြို့၊ ရွာများအတွင်း ဝင်ရောက်၍ တရားမဝင်လက်နက်ခဲယမ်းများ သယ်ဆောင်ကာ အကြမ်းဖက်လုပ်ရပ် များ မလုပ်ဆောင်နိုင်စေရန် စနစ်တကျစစ်ဆေးရှာဖွေခြင်းများဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့ ဆောင်ရွက်နေမှုများကို တရားမဝင် ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ လွယ်ကူစွာဝင်ထွက်သွားလာနိုင်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် ပြည်သူလူထုမှ အထင်မြင်လွဲမှားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ မှန်ကန်မှု မရှိသည့် သတင်းဓာတ်ပုံများကို အသုံးပြု၍ ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။