ရေနံချောင်းမြို့ အုတ်ရှစ်ကုန်းကျေးရွာတွင် အမျိုးသား ၂၀ ဦးခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်ဟု မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိလျက်ရှိ
နေပြည်တော် အောက်တိုဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာတွင် အမျိုးသား ၂၀ ဦးခန့်ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေနံချောင်းမြို့နယ်အတွင်း သောင်းကျန်းသူ များ စိမ့်ဝင်မှုမရှိစေရေးနှင့် အဖျက်အမှောက်လုပ်ငန်းများ မလုပ်ဆောင်နိုင်စေရန်အတွက် လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသခံ ပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်မှုမရှိကြောင်း သိရှိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာများသည် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်၊ စိုးရိမ်ထိတ်လန့်လာ စေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ အခြေအမြစ်မရှိ သည့် သတင်းအမှားများကို လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။