၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲများ ဆက်လက်ကျင်းပ
နေပြည်တော် အောက်တိုဘာ ၁၇
၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
ယနေ့တွင် “မဟာဂီတ” တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Signing Room ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆီးနှင်းပြိုက်ကျ”(ကြိုး) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက“မြိုင်ဟေမာ”(ယိုးဒယား) သီချင်းဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြသည်။
“ကာလပေါ်” တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Banquet Hall ၌ ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် မွန်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ယောကျ်ားဆုပန်”သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက“သန္တုဋ္ဌီစ” သီချင်းဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြသည်။ အကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ် ညီညာစွာ အသုံးပြု၍ ကကြိုးကကွက် စုံလင်စွာဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့မှ ပြိုင်ပွဲဝင် များက မြန်မာ့ရိုးရာအကအလှများကို ပေါ်လွင်စေသည့် ကကြိုးကကွက်များဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြရာ လာရောက်ကြည့်ရှုအားပေးကြသည့် အနုသုခုမ ပညာရပ်ကို စိတ်ဝင်စားကြသော ပြည်သူများဖြင့် စည်ကားခဲ့သည်။
အရေးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ပထမတန်း) ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြန်မာ့ရိုးရာအမွေ အလှတိုးဖြာစေ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဂီတရသ စုံလင်စွာ ဖော်ကျူး တေးဖွဲ့ယှဉ်ပြိုင်ကြသည်။
စန္ဒရားအတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) News Briefing Room ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “အောင်မင်္ဂလာ”(ယိုးဒယား)သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မှော်ရုံဟေဝန်” (ယိုးဒယား) သီချင်းဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြသည်။ တယောအတီးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စိန်ကြောင်နီလာ”(ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ပြိုင်ပွဲဝင်က “စိန်ကြောင်နီလာ”(ပတ်ပျိုး)သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မှန်ရဝေ”(ပတ်ပျိုး)”သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မှန်ရဝေ” (ပတ်ပျိုး)သီချင်းဖြင့် လည်းကောင်း သာယာငြိမ့်ညောင်းစွာ တီးခတ် ယှဉ်ပြိုင်ကြသည်။
ပလွေပြိုင်ပွဲကို အမျိုးသားပြတိုက်(နေပြည်တော်)ရှိ Mini Theatre ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာ ဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ယမုံနာ”(ပတ်ပျိုး)သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇေယျာမြို့” (ကြိုး) သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ကယား ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ကျွန်းကျွန်းပိုင်သ” (ကြိုး)သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင် အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက“ကြံကြံဖန်ဖန်” (ယိုးဒယား) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “လဲ့လဲ့စိမ်းရောင် ” (ကြိုး)သီချင်းဖြင့် လည်းကောင်း တီးမှုတ်ယှဉ်ပြိုင်ကြသည်။ ဆိုင်းဝိုင်းကြီးအဖွဲ့အလိုက် အတီးပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် တို့မှ ပြိုင်ပွဲဝင်များကလည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီ တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကလည်းကောင်း မြိုင်မြိုင် ဆိုင်ဆိုင် တီးခတ်ယှဉ်ပြိုင်ကြသည်။ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ကျင်းပရာ ဝါသနာရှင်အဆင့်(ပထမတန်း) ပြိုင်ပွဲတွင် “ဝေဿန္တရာ” ဇာတ်တော်ကြီးဖြင့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု သီရိဟံသာ ရုပ်စုံသဘင်အဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ကျူး သည့် အကအလှများ၊ စကားပြော များဖြင့် တင်ဆက်ကပြယှဉ်ပြိုင်ကြသည်။ ဇာတ်တော်ကြီးပြိုင်ပွဲကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ လဟာပြင်ဇာတ်ရုံ၌ ကျင်းပရာ ဇာတ်တော်ကြီးအဖွဲ့လိုက်ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “မဟာဇနက” ဇာတ်တော်ကြီးဖြင့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု မန်းမြို့ဂုဏ်ရည်ဇာတ်သဘင်အဖွဲ့က မူရင်း ဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြောပညာရပ်များ၊ အကအလှများနှင့် အနုပညာရသမြောက် ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။
ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒေါက်တာဘရွှေနှင့်ဇနီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဦးကိုကိုလှိုင်၊ ဦးအောင်ကျော်ဟိုး၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ Jeng Phang နော်တောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ ဥပဒေချုပ်များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ အနုသုခုမသဘင်ကို ချစ်မြတ်နိုးကြသည့် မိဘပြည်သူများနှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်းသူများ၊ မိဘများက ပြိုင်ပွဲနေရာ အသီးသီး၌ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
နိုင်ငံတော်အနေဖြင့် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတွင် “မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေးဇာတိမာန် ထက်မြက်မြင့်မားရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားရေး စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် မြန်မာတို့၏ရိုးရာ ယဉ်ကျေးမှုအနုပညာ စစ်စစ်များ ဆက်လက်ထွန်းကား ပြန့်ပွားရေး၊ လူငယ်ထုအတွင်း စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ထွန်းရေးနှင့် တိုင်းတစ်ပါးယဉ်ကျေးမှု လွှမ်းမိုးခြင်းမှ ကာကွယ်တားဆီးရေး”ဆိုသည့် မူဝါဒရည်မှန်းချက်များ ချမှတ်ကာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီး ပြိုင်ပွဲကြီးများကို ၁၉၉၃ ခုနှစ်က စတင်ကျင်းပခဲ့သည်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို ခမ်းနားသိုက်မြိုက်စွာဖြင့် ပြည်ထောင်စုသား အားလုံးပူးပေါင်းပါဝင်ပြီး အောင်အောင် မြင်မြင်ဖြင့် ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ငွေရတုမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီဖြစ်သည်။ ယခုကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို အစဉ်အလာမပျက် ဆင်နွှဲကျင်းပနိုင်ခြင်းသည် မြန်မာလူမျိုးတို့၏ ဇာတိသွေး၊ ဇာတိမာန်နှင့်အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပေးသည့် ကြိုးပမ်းမှု၊ တစ်နည်း အားဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို ပိုမိုတက်ကြွအောင် လှုံ့ဆော်ပေးသည့် ကြိုးပမ်းမှု တစ်ရပ်ဖြစ်ကြောင်း သတင်းရရှိသည်။