ဒီပဲယင်းမြို့နှင့် ယောဒေသတို့ကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ များ ထိခိုက်သေဆုံး၊ ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

ဒီပဲယင်းမြို့နှင့် ယောဒေသတို့ကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ များ ထိခိုက်သေဆုံး၊ ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ - ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နှင့် မကွေးတိုင်းဒေသကြီး၊ ယောဒေသတို့ကို လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံး၊ ဒဏ်ရာများ ရရှိခဲ့ကြောင်း မဟုတ်မမှန်သတင်းများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များအား စုံစမ်း မေးမြန်းရာ သတင်းမှားသာဖြစ်ပြီး တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူလူထု၏တိကျသော သတင်းပေးပို့မှုများဖြင့် အကြမ်းဖက် သောင်းကျန်းသူများ ခိုအောင်းနေထိုင်သည့် နေရာများကိုသာ ပစ်မှတ်ထား၍ အကြမ်းဖက်မှုနှိမ်နှင်းရေးကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပြီး စစ်ရေး ပစ်မှတ်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခြင်း မရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အား ထောက်ခံအားပေးခြင်းမရှိ သည့် မြို့ရွာများအား Drop Bomb များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှိုဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ယခု သတင်းများသည် အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက ၎င်းတို့၏ လုပ်ရပ်များ ကို ဖုံးကွယ်ရန်နှင့် နိုင်ငံတကာမှ တပ်မတော်အပေါ် အမြင်လွဲမှားစေရန် လူမှုကွန် ရက်မှတဆင့် သတင်းမှားများကို လုပ်ကြံဖြန့်ဝေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Friday, October 18, 2024 - 19:18