၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲများယှဉ်ပြိုင်မှု အောင်မြင်စွာ ကျင်းပပြီးစီး
နေပြည်တော် အောက်တိုဘာ ၂၀
၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ သတ္တမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
ယနေ့တွင် “အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး” တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Banquet Hall ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ဥမကွဲ သိုက်မပျက်” သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြန်မာပြည် ခရီးစဉ်” သီချင်းဖြင့် လည်းကောင်း သီဆိုယှဉ်ပြိုင်ကြသည်။
မြန်မာအက အခြေခံကဗျာလွတ်အက ပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် မွန်ပြည်နယ် ကိုယ်စားပြု မိရွှေရည်ဖူးပွင့်နှင့်အဖွဲ့၊ ကယားပြည်နယ်ကိုယ်စားပြု မနီဝင်းထွန်းနှင့်အဖွဲ့၊ ရခိုင်ပြည်နယ်ကိုယ်စားပြု မကြည်စင်သန့်နှင့်အဖွဲ့၊ စစ်ကိုင်း တိုင်းဒေသကြီးကိုယ်စားပြု မဖူးဖူးနှင့်အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု မအိမ့်မြတ်မွန်နှင့်အဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု မအိန္ဒြာမြင့်မြတ်မွန်နှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု မသိမ့်ကြည်ကြည်လင်းဦးနှင့်အဖွဲ့၊ ရှမ်းပြည်နယ် ကိုယ်စားပြု မနေခြည်ထက်ခန့်နှင့်အဖွဲ့၊ ကချင်ပြည်နယ်ကိုယ်စားပြု မလဖိုင်နန်ထွမ်ဆမ်နှင့်အဖွဲ့၊ မကွေးတိုင်းဒေသကြီး ကိုယ်စားပြု မထွန်းရတနာဗိုလ်နှင့်အဖွဲ့၊ ကရင်ပြည်နယ်ကိုယ်စားပြု မဆုသစ်သစ် နှင့်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု မဉာဏ်မြတ်သွန်းနှင့် အဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု မဖြိုးဖြိုးဝေနှင့်အဖွဲ့တို့က အခြေခံကဗျာလွတ် ကကြိုးကကွက်များကို အဖွဲ့လိုက်ညီညာလှပ ကျွမ်းကျင်ပိုင်နိုင်စွာ ကပြယှဉ်ပြိုင်ကြသည်။
ချင်းတိုင်းရင်းသားရိုးရာ အလွတ်တန်း အဆင့် အကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ ကျင်းပရာ ဦးစွာ ချင်းပြည်နယ် ယဉ်ကျေးမှုအကအဖွဲ့က ချင်းတိုင်းရင်းသား ရိုးရာအကကို ချင်းရိုးရာ ကကြိုးကကွက်များ စုံလင်စွာ စံပြအနေဖြင့် ကပြကြသည်။
ထို့နောက် ချင်းတိုင်းရင်းသားရိုးရာ အလွတ်တန်းအဆင့် အကပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကချင်ပြည်နယ်ကိုယ်စားပြု မောင်ဘောမ်ချမ်းနှင့်အဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီးကိုယ်စားပြု နန်းဇင်မီမီမိုးနှင့် အဖွဲ့၊ မကွေးတိုင်းဒေသကြီး ကိုယ်စားပြု မောင်ထွန်းပြည့်အောင်နှင့်အဖွဲ့၊ ကရင်ပြည်နယ်ကိုယ်စားပြု မိဝင်းရတနာဇင်မျိုးထွေးနှင့်အဖွဲ့၊ ရှမ်းပြည်နယ်ကိုယ်စားပြု မောင်အာကာပြည့်ဖြိုးနှင့် အဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု မောင်စိုးမင်းသူနှင့်အဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ဦးကျော်ထက်အောင်နှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု မောင်ကောင်းစံဟိန်း နှင့်အဖွဲ့၊ ရခိုင်ပြည်နယ်ကိုယ်စားပြု မောင်ပိုင်ထက်နှင့်အဖွဲ့၊ မွန်ပြည်နယ်ကိုယ်စားပြု မောင်အောင်စိုးမိုးနှင့်အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု မောင်စိုးမင်းသူနှင့် အဖွဲ့၊ ကယားပြည်နယ်ကိုယ်စားပြု ဦးအောင်ပြည့်စုံနှင့်အဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဆလိုင်းသော်တာဝင်းနှင့် အဖွဲ့တို့က ချင်းပြည်နယ်၏ သဘာဝအလှတရားများနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ကျူးထားသည့် “ချင်းတောင်တန်းမှ ကြိုဆိုလျက်” သီချင်းနောက်ခံဖြင့် လှပကြော့ရှင်းသည့် ချင်းတိုင်းရင်းသားရိုးရာ ကကြိုး၊ ကကွက်များကို ချင်းအလှ၊ ချင်းတို့ဟန်ဖြင့်ပေါင်းစပ်ကာ ကပြယှဉ်ပြိုင်ကြသည်။
အရေးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှ ုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာ ခန်းမ၌ကျင်းပရာ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ထံတျာတေအစ မဟာဂီတ” ခေါင်းစဉ်ဖြင့် ဂီတရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့ ယှဉ်ပြိုင်ကြသည်။
မယ်ဒလင်အတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) News Briefing Room ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “အတိုင်းမသိ” (ဘွဲ့) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ပန်းဟေဝန်”(ယိုးဒယား)သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆန်းနွေဦး” (ယိုးဒယား) သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့်မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ဂုဏ်တော်ဖွင့်” (ကာလပေါ်) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သည်ဆောင်းဟေမန်” (ဘွဲ့) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကုဏ္ဍာလာအိုင်ဘွဲ့” (ယိုးဒယား) သီချင်းဖြင့်လည်း
ကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြူဝန်းလို့ခို” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “မန္တလာဘုံ” (ဘွဲ့) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြမန်းဂီရိ” (ယိုးဒယား) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မင်္ဂလာဆယ့်နှစ်ပါး” (ကာလပေါ်) သီချင်းဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။
ပတ္တလားအတီးပြိုင်ပွဲကို အမျိုးသားပြတိုက် (နေပြည်တော်)ရှိ Mini Theatre ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ကျွန်းကျွန်းပိုင်သ” (ကြိုး) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကျွန်းကျွန်းပိုင်သ” (ကြိုး)သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရှစ်စုံရွက်ကြာ” (ပတ်ပျိုး) သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မှိုင်းရိပ်ကယ်တည့်” (ကြိုး) သီချင်းဖြင့် လည်းကောင်းငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။
ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “လျှပ်ပန်းခွေနွဲ့” (ယိုးဒယား) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ရဂုံဟေမန်” (ပတ်ပျိုး) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင်ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မော်တင်လယ်” (ပတ်ပျိုး) သီချင်းဖြင့် လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။
ကွက်စိပ်ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေး ဇာတ်ရုံ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း)ပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သမုဒ္ဒဝါဏိဇ ဇာတ်တော်” ဖြင့် ဇာတ်တော်၏ အနှစ်သာရနှင့် ဦးတည်ချက်ပေါ်လွင်အောင် နှုတ်မှုစွမ်းရည် ပြသဟောပြောယှဉ်ပြိုင်ကြသည်။
ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ပထမတန်း)ပြိုင်ပွဲတွင် “ဝေဿန္တရာ” ဇာတ်တော်ကြီးဖြင့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု ရတနာပုံရုပ်စုံသဘင်အဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ကျူးသည့် အကအလှများ၊ စကားပြောများဖြင့် တင်ဆက်ကပြ ယှဉ်ပြိုင်ကြသည်။
ဇာတ်တော်ကြီးပြိုင်ပွဲကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီ လဟာပြင်ဇာတ်ရုံ၌ ကျင်းပရာ ဇာတ်တော်ကြီးအဖွဲ့လိုက် ဝါသနာရှင်အဆင့်(ပထမတန်း) ပြိုင်ပွဲတွင် “မဟာဇနက” ဇာတ်တော်ကြီးဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု သီရိဇေယျာဇာတ်တော်ကြီးအဖွဲ့က မူရင်း ဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာရသမြောက် ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။
ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး ညိုစောနှင့်ဇနီး၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ Jeng Phang နော်တောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ ဥပဒေချုပ်များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ အနုသုခုမသဘင်ကို ချစ်မြတ်နိုးကြသည့် မိဘပြည်သူများနှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်းသူများ၊ မိဘများက ပြိုင်ပွဲနေရာ အသီးသီး၌ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာ အမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ မျိုးဆက်သစ် လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ် ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည့် ဦးတည်ချက် (၄)ရပ်ဖြင့် ကျင်းပသည့် ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကြီး၏ ယှဉ်ပြိုင်မှုများသည် ယနေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။
နှစ်ပေါင်းထောင်ချီ ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေးစရိုက် လက္ခဏာများ တင့်တင့်တယ်တယ် ဆက်လက်ရှင်သန်ဖြစ်ထွန်းနေစေရန်၊ မြန်မာလူမျိုးတို့၏ သမိုင်းကြောင်း ခိုင်မာနက်ရှိုင်းမှုနှင့် ယဉ်ကျေးမှု အဆင့်အတန်း ဝင့်ထည်မြင့်မားမှုကိုကမ္ဘာတည်သရွေ့တည်တံ့ ခိုင်မြဲနေစေရန်နှင့် မျိုးဆက်သစ်လူငယ်များကို အမျိုးသားရေး စိတ်ဓာတ်ကိုယ်ခံအား ပြည့်ဝခိုင်မာနေစေရန် အနုပညာ စွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရဦးမည် ဖြစ်သည်။
နိုင်ငံတော်၏ ပံ့ပိုးကူညီမှုနှင့်အတူ ငွေအား၊ လူအား၊ အချိန်အားများစွာ စိုက်ထုတ်ပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို အစဉ်သဖြင့် တည်တံ့ရှင်သန် နေစေရန်အတွက် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူပြီး အားလုံးပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကြီး၏ ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၃ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။