ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း မဟုတ်မမှန်သတင်းများ ဖြန့်ဝေ

ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း မဟုတ်မမှန်သတင်းများ ဖြန့်ဝေ

နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ - ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ဖမ်းဆီးကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိမှုများ လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ သတင်း အတည်ပြုမေးမြန်းချက်အရ တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် တာဝန်သိပြည်သူ တစ်ဦးက စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာတွင် အကြမ်းဖက် အဖွဲ့များ ဝင်ရောက်ခိုအောင်းနေထိုင်နေကြောင်း သတင်းပေးပို့ချက်အရ အောက်တိုဘာ လ ၁၇ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာအတွင်း ဝင်ရောက် ရှင်းလင်းရာ အကြမ်းဖက်အဖွဲ့များသည် ကျေးရွာ၏ အနောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ အဆိုပါ ခေတ္တတိမ်းရှောင်ဆုတ်ခွာထွက်ပြေးသွားသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ စီပါကျေးရွာမှ ထွက်ခွာသွားပြီးနောက် အောက်တိုဘာလ ၁၈ ရက်တွင် စီပါကျေးရွာသို့ ဝင်ရောက်လာ ခဲ့ပြီး ကျေးရွာအတွင်း နေထိုင်လျက်ရှိသော ပြည်သူများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ အရပ်သားပြည်သူ ၆ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များကို သတင်းပေးသည် ဟု စွပ်စွဲ၍ ရက်စက်စွာ သတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများအား ၎င်းတို့ နေအိမ်ခြံစည်းရိုးများ၊ နေအိမ်အတွင်း မြေကွက်လပ်များတွင်ထားရှိကာ နောက်အခါ တွင် စစ်ကြောင်းများကို သတင်းပေးပို့သူများအား ထိုကဲ့သို့အပြစ်ပေး၊ အရေးယူကာ သေဒဏ်အဖြစ် သတ်မှတ်ခြင်းခံရမည်ဟု ခြိမ်းခြောက်ပြောကြားကာ ကျေးရွာမှ ပြန်လည်ထွက်ခွာသွားကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက် အဖွဲ့များ၏ ယခုကဲ့သို့ စစ်ရာဇဝတ်မှုမြောက်ကျူးလွန်သည့် ပြစ်မှုများအား ဖုံးကွယ်ပေး ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် အတွက် သတင်းမှားများကို လုပ်ကြံရေးသားဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သိရှိရ သည်။

Dates: 
Monday, October 21, 2024 - 14:38