(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

 

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

 

    ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပမည်ဖြစ်ပါသည်။

အဆိုပါအခမ်းအနား ကျင်းပပုံများကို အောက်တိုဘာလ ၂၃ ရက် နံနက် ၇ နာရီ ၄၅ မိနစ်မှစတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD၊ MRTV-Parliament၊ MRTV-NRC၊  MWD HD၊  MWD Variety HD Channel များနှင့် MOI Website၊ MOI Youtube၊ MRTV APP: အပါအဝင် MRTV Online Platform တို့မှလည်း တိုက်ရိုက်(Live) ထုတ်လွှင့်မည်ဖြစ်ပါသည်။

ထို့ပြင် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ပတ္တမြား FM၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM တို့မှလည်း တိုက်ရိုက်(Live) ထုတ်လွှင့်တင်ဆက် သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင် အသိပေးအပ်ပါသည်။