မျှတမှုရှိသော ကမ္ဘာ့အစီအစဉ်အတွက် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်မည်ဟု ပူတင်နှင့် ရှီကျင့်ဖျင် ကတိပြု

 

မျှတမှုရှိသော ကမ္ဘာ့အစီအစဉ်အတွက် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်မည်ဟု ပူတင်နှင့် ရှီကျင့်ဖျင် ကတိပြု

 

      ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တရုတ် သမ္မတရှီကျင့်ဖျင်တို့က ယခုနှစ်အတွင်း တတိယအကြိမ်မြောက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုအတွင်း မျှတမှုရှိသော ကမ္ဘာ့အစီအစဉ် အတွက် နှစ်နိုင်ငံကြား ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုကြောင်း သိရသည်။

ပူတင်နှင့်ရှီကျင့်ဖျင်တို့သည် ရုရှားနိုင်ငံ ကာဇန်မြို့တွင် အောက်တိုဘာလ ၂၂ ရက် မှ ၂၄ ရက်အထိကျင်းပသော BRICS အဖွဲ့ ထိပ်သီးညီလာခံ၏ ဘေးပန်းတွေ့ဆုံမှု၌ ဆွေးနွေးစဉ် ယခုလိုကတိပြုခြင်းဖြစ်သည်။

ကမ္ဘာ့ရေးရာတွင် ရုရှားနိုင်ငံနှင့်တရုတ် နိုင်ငံတို့ကြားပူးပေါင်း ဆောင်ရွက်မှုသည် ကမ္ဘာ့တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးနေသည့် အကြောင်းရင်းများအနက် တစ်ခုဖြစ် ကြောင်း ပူတင်ကပြောသည်။

အလားတူ ယနေ့ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်း တွေ့မြင်ဖူးခြင်းမရှိသည့် ပုံစံသို့ပြောင်းလဲ လာနေကြောင်း၊ ကမ္ဘာ့ အခြေအနေအရပ်ရပ်သည် ဝရုန်းသုန်းကား ဆန်နေကြောင်း ရှီကျင့်ဖျင်က ပြောသည်။

သို့သော် တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့ကြား မျိုးဆက်အဆက်ဆက်အတွက် နက် ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုသည် ပြောင်းလဲမှုရှိမည် မဟုတ်သလို အင်အားကြီးနိုင်ငံ တစ်နိုင်ငံအနေဖြင့် ကမ္ဘာကြီးနှင့် ကမ္ဘာသူ ကမ္ဘာသားများအပေါ် တာဝန်ရှိမှုကလည်း ပြောင်းလဲသွားမည် မဟုတ်ကြောင်း ရှီကျင့်ဖျင်က ပြောသည်ဟု   တရုတ်နိုင်ငံပိုင် သတင်းဌာနတစ်ခုက ဖော်ပြထားသည်။