လျှပ်စစ်သုံး မော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ
နေပြည်တော် အောက်တိုဘာ ၂၄
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် LEAPMOTOR T03 (STANDARD) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Unitrust Enter-prise Group of Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် AIQAR ICAR03 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် အောက်တိုဘာလ ၂၄ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။