ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ

 

ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ

 

သတင်းကြေညာချက်

၁။      မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော POSCO  International  Corporation  (Myanmar  E&P)သည် ရွှေစီမံကိန်းတွင်  Shwe  Project  Subsea System  Inspection  လုပ်ငန်းများအား MV.PTSC  THAI  BINH ဖြင့်    ဆောင်ရွက်သွားမည့် တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော Point  A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၁  မိနစ် ၃၅ ဒသမ ၄၄၈ စက္ကန့်၊   အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၃၇ ဒသမ ၆၉၂ စက္ကန့်၊ Point  B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ် ၂၄ ဒသမ  ၃၈၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၂ မိနစ် ၁၉ ဒသမ ၄၂၈ စက္ကန့်၊  Point  C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၄ မိနစ် ၃၆ ဒသမ ၈၀၄ စက္ကန့်၊  အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၅ မိနစ် ၃ ဒသမ ၄၀၈ စက္ကန့်နှင့် Point  D  မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၅ မိနစ် ၂၀ ဒသမ  ၂၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ်  ၉၂ ဒီဂရီ ၃၆ မိနစ် ၄၄ ဒသမ ၉၂၈  စက္ကန့်တို့အတွင်းတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှ ၂၀၂၄  ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ    ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။       သို့ဖြစ်ပါ၍  ရွှေစီမံကိန်းတွင် Shwe  Project  Subsea  System Inspec-tion လုပ်ငန်းများအား MV. PTSC  THAI  BINH ဖြင့်လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေး အတွက် အထက်ဖော်ပြပါတည်နေရာများမှ (၄)ကီလိုမီတာ ပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice  to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်း မပြုလုပ်ကြရန် အသိပေး ကြေညာအပ်ပါသည်။

ငါးလုပ်ငန်းဦးစီးဌာန