ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံများ ကြံ့ခိုင်မှု ကောင်းမွန်လျက်ရှိပြီး စိုးရိမ်ရန်မရှိ
နေပြည်တော် အောက်တိုဘာ ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံ စုစုပေါင်း ၁၂ ခုရှိရာ ယနေ့တွင် ပေါင်းလောင်းရေလှောင်တမံ၌ HED ရေတံခါးအချပ် ၂၀ ထောင်ထားပါသဖြင့် ရေပိုလွှဲမှ ရေကျော်စီးဆင်းမှု မရှိတော့ဘဲ ရေပိုမိုသိုလှောင်ထားသည်။
အဆိုပါ ရေလှောင်တမံများ၏ ကြံ့ခိုင်မှုအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တာဝန်ကျ ဝန်ထမ်းများအား ၂၄ နာရီ ရေကင်းတာဝန်ချထား၍ အနီးကပ်စောင့်ကြပ် စစ်ဆေးလျက်ရှိကြောင်းနှင့် စိုးရိမ်ရန် မရှိကြောင်း သိရသည်။