တောင်ကြီးမြို့၊ အတုလမာရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရား၌(၂၃)ကြိမ်မြောက် ကမ္ဘောဇသာမဏေကျော် စာမေးပွဲ ဖွင့်ပွဲကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ ၂၅ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ အတုလမာရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော (၂၃)ကြိမ်မြောက် ကမ္ဘောဇသာမဏေကျော်စာမေးပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဓမ္မာရုံရှေ့၌ ပြုလုပ်ရာ တောင်ကြီးမြို့၊ ကံသာရပ်ကွက်ရှိ စွန်းလွန်းဂူဝိပဿနာကမ္မဋ္ဌာန်း ကျောင်း တိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာနစရိယ ဘဒ္ဒန္တ အဂ္ဂဓမ္မာ ဘိဝံသ အမှူးပြုသောသံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကမ္ဘောဇသာမဏေကျော် စာမေးပွဲဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိ သူများက ထီးဖြူတော်များကို ဖွင့်လှစ်ပေးကြပြီး အတုလမာရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူ ဇော်ကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ ကမ္ဘောဇသာမဏေကျော်စာမေးပွဲကို ပထမအဆင့်ဖြေဆိုမည့်သံဃာ တော် ၇၅၆ ပါး၊ ဒုတိယအဆင့်ဖြေဆိုမည့် သံဃာတော် ၁၆၁ ပါး၊ တတိယအဆင့်ဖြေဆို မည့်သံဃာတော် ၁၀၄ ပါး၊ စုစုပေါင်း ၁၀၂၁ ပါးဖြင့် အောက်တိုဘာ ၂၇ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။