လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ အောက်တိုဘာလ ၂၅ ရက်
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြိုနယ်၊ ဒိုးတန်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ငယ်များဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံ ရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ရှိ ကျေးရွာ များအတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ပြီး လက်နက်ငယ်များ ဖြင့် ကျေးရွာအတွင်းသို့ပစ်ခတ်ခဲ့သည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ အကြမ်းဖက် သမားများအနေဖြင့် လက်နက်ကိုအားကိုးကာ ရဟန်းသံဃာများ၊ အစိုးရဝန်ထမ်းများနှင့် ၎င်းတို့အပေါ် အားပေးထောက်ခံမှုမရှိသည့် ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ရက်စက်ယုတ်မာစွာ သတ်ဖြတ်လျက်ရှိသည်ကို ပြည်သူများအသိ ပင်ဖြစ်ကြောင်း၊ ယခု ဖြစ်စဉ်တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်မှုကို ပြည်သူ လူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေခြင်းအပေါ် မလိုလား၍ အကြမ်းဖက်အားပေးပြည်ဖျက် မီဒီယာများက အခြေအမြစ်မရှိသည့် သတင်းအမှားများဖြင့် သတင်းအဆိပ်ခတ်နေခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။