၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာ - ၂၆
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် နေပြည် တော်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့ အသီးသီးမှ ကျောင်းသား၊ကျောင်းသူများအတွက် (ဒုတိယအကြိမ်)ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ များပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ အောင်ငြိမ်းအေး ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ ၉၄၇၉ ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီးလက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။