ယဉ်ကျေးထက်မြက်တဲ့သူဖြစ်ပါစေ
မြန်မာမလေးသို့
ချစ်လှစွာသောမြန်မာမလေးရေ….
နှုတ်လျှာကြမ်းတမ်း နှုတ်သီးကောင်းလျှာပါး စွာတေးလန်ဖြစ်နေတဲ့ အမျိုးသမီး တစ်ယောက်ကို ထက်မြက်တဲ့ သူရယ်လို့ ဘယ်သူကမှ မသတ်မှတ်တတ်ကြပါဘူးကွယ်။
"မိုက်ရိုင်းလိုက်တာနော်" လို့ပဲသတ်မှတ်ကြပါတယ်ကွယ်။ မဟုတ်မခံခြင်းနဲ့ ရိုင်းပျခြင်းဟာ၊ သဘော သဘာဝခြင်း လုံးဝ(လုံးဝ) မတူညီပါဘူးရှင်။
စကားကို သာမန်ထက်ကြမ်းတမ်း ကျယ်လောင်စွာ ပြောဆိုတတ်တဲ့ အဲဒီလိုစရိုက်ဆိုးဆိုး ရှိနေသူကို တော့ "အမိ" ကြောင့်ကြမ်းတမ်းတာလား၊ "အဖ"ကြောင့်ရိုင်းစိုင်းတာလားလို့ ပတ်ဝန်းကျင် တစ်ခုလုံးက တွေးတောစဉ်းစားစရာ၊ သတ်မှတ်စရာမျိုးတွေ ရှိလာတတ်ပါတယ်။ ထင်မှတ်စရာတွေ ဖြစ်လာ တတ်ပါတယ်။
ကိုယ့်ကြောင့် ကိုယ့်ရဲ့ကျေးဇူးရှင် အမိနဲ့အဖကို ထိခိုက်နစ်နာစေမယ့် စရိုက်ဆိုးတွေ၊ ပညာမဲ့လုပ်ရပ် တွေကို မြန်မာအမျိုးသမီးငယ်လေးတွေအနေနဲ့ အတတ်နိုင်ဆုံးရှောင်ကြဉ်နိုင်ကြပါစေလို့ သတိ လေးပေးချင်တယ်။
ချစ်တဲ့မြန်မာမလေးတွေ သိမ်မွေ့ထက်မြက်ပြီး ပညာတတ်ဆန်ဆန် ပြောတတ်၊ ဆိုတတ်၊ နေထိုင် တတ်စေချင်တဲ့ စေတနာတစ်ခုပဲ ဦးတည်ပါတယ်ရှင်…။
ခင်လေး(ပြည်ထောင်စုနယ်မြေ)