မြန်မာ့အလင်းသတင်းစာ မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့၏ သတ္တမအကြိမ်မြောက် အသက် ၇၅ နှစ်ပြည့် သက်ကြီးသတင်းထောက်ကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

 

မြန်မာ့အလင်းသတင်းစာ မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့၏ သတ္တမအကြိမ်မြောက် အသက် ၇၅ နှစ်ပြည့် သက်ကြီးသတင်းထောက်ကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

 

ရန်ကုန်  အောက်တိုဘာ  ၂၇

     မြန်မာ့အလင်းသတင်းစာ   မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့၏ သတ္တမအကြိမ်မြောက် အသက် ၇၅ နှစ်ပြည့်  သက်ကြီးသတင်းထောက်ကြီးများအား   ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်   ကိုးထပ်ကြီးဘုရားရှိ သန္တိသုခဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် အသက် ၁၀၅  နှစ်ရှိ ပြီဖြစ်သော  သက်တော်ရှည် သတင်းထောက်ကြီး  အဘိုး  ဦးဆိုက်ကျင်ကို ကန်တော့ကြပြီး  မြန်မာ့အလင်းသတင်းစာ မြို့နယ် သတင်းထောက်များ  လူမှုကူညီရေးအဖွဲ့နာယက ဦးရဲမြင့်ဖေနှင့် တာဝန်ရှိသူများက  အာဟာရဖြည့်စွက်စာများနှင့်   ဆေးဝါးများကို ဂါရဝပြုပေးအပ်ကြသည်။

ထို့နောက် ကန်တော့ခံသတင်းထောက်ကြီးများကို တာဝန်ရှိသူများက ကန်တော့ခံ ပစ္စည်းများနှင့်  လက်ဆောင်ပစ္စည်းများ ဂါရဝပြုပေးအပ်ကြသည်။ယနေ့အခမ်းအနားတွင်  ကန်တော့ခံ သက်ကြီးသတင်းထောက် ၁၇ ဦးကို တစ်ဦးလျှင်  ငွေကျပ် တစ်သိန်းခွဲနှင့် လက်ဆောင်ပစ္စည်းများ   ပူဇော် ကန်တော့ခဲ့ကြောင်း သိရသည်။