ဘားအံမြို့နယ်၌ ကျောက်ကလပ် ကန်ပတ်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

 

ဘားအံမြို့နယ်၌ ကျောက်ကလပ် ကန်ပတ်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

 

ဘားအံ   အောက်တိုဘာ    ၂၇

      ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်     ပြည်နယ်အစိုးရခွင့်ပြုငွေဖြင့် ကျောက်ကလပ်ကန်ပတ်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို အောက်တိုဘာလ ၂၇ ရက် က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့   ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်၊ ဘားအံမြို့နယ်   ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသူရလွင်နှင့် တာဝန်ရှိသူများက တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ    ကျောက်ကလပ်ကန်ပတ်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဘားအံမြို့နယ်၌  ကျောက်ကလပ်ကန်ပတ်လမ်း   ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရခွင့်ပြုငွေ    ငွေကျပ် ၁၃၂ ဒသမ ၉၇၅ သန်းဖြင့် မြသမီးတော်ကုမ္ပဏီက  ဇွန်လ  ၁၀  ရက်က   စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ  ၉၀  ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။