တောင်တွင်းကြီးမြို့နယ် မြို့မဈေးအတွင်း ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

 

တောင်တွင်းကြီးမြို့နယ် မြို့မဈေးအတွင်း ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

 

တောင်တွင်းကြီး အောက်တိုဘာ ၂၈

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး မြို့နယ်၌   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့်  ပလတ်စတစ်အိတ် သုံးစွဲမှုလျှော့ချရေးအတွက်  မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း  ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား     ပလတ်စတစ်အိတ်အစား  ငှက်ပျောဖက်၊  အင်ဖက်၊  စက္ကူအိတ်များ အသုံးပြုနိုင်ရေး   အသိပညာပေးခြင်းနှင့်   ပလတ်စတစ်ညစ်ညမ်းမှု  လျှော့ချရေး    အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို  အောက်တိုဘာလ   ၂၈  ရက်တွင် ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊  မြို့မစျေး အကျိုးဆောင်အဖွဲ့ဝင်များ၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ   ဝန်ထမ်းများပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ်ပြည်သူ များအား  ဈေးဝယ်ယူရာတွင်  လက်ဆွဲခြင်းများ၊ ထည့်စရာများ ယူဆောင်လာရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပြီး  အင်ဖက်၊   စက္ကူအိတ်များ အခမဲ့ဖြန့်ဝေခဲ့ကာ ပလတ်စတစ်အိတ် အသုံးပြုမှုလျှော့ချရေး အတွက် အသိပညာပေးခြင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း     ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။