ကော့သောင်းမြို့၌ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၇) ဖွင့်လှစ်
ကော့သောင်း အောက်တိုဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ကော့သောင်းမြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့် မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၈ ရက်တွင် တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့ အေးမြ ကန်သာရပ်ကွက်ရှိ အိမ်တွင်းမှုသင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြတ်မင်းထွေး က နိုင်ငံတော်အနေဖြင့် တရားဥပဒေ စိုးမိုး ၍ အေးချမ်းတည်ငြိမ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီစနစ်ဖော်ဆောင် ရေးကို အရှိန်အဟုန်မြှင့်ကြိုးပမ်း ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် နည်းပါးစေရန် နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ ကော့သောင်းမြို့ အမျိုး သမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းကို ၁၉၉၂ ခုနှစ် မတ်လ ၁၆ ရက်က ရည်ရွယ်ချက်ငါးရပ်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုကဲ့သို့ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း ဖွင့်လှစ်ပေး ခြင်းဖြင့် အခြေခံအိမ်တွင်းမှု ပညာနှင့် အဆင့်မြင့်စက်ချုပ် ပညာတို့ကို တတ်မြောက်၍ အသက်မွေးဝမ်းကျောင်း ပြုနိုင် မည်ဖြစ်ပြီး သင်တန်းသူများ အနေဖြင့် သင်တန်းကျောင်းမှ ချမှတ်ထားသော စည်းကမ်းများကိုလိုက်နာပြီး ပညာရပ်များကို စာတွေ့လက်တွေ့ကြိုးစား သင်ယူကြရန်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းစောင့်ရှောက်နိုင်သော အကျင့် စာရိတ္တ ကောင်းမွန်သည့် အမျိုးကောင်းသမီးများ ဖြစ်အောင် နေထိုင်သွားကြရန် လိုကြောင်း အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းတွင် အပ်ချုပ်ပညာ၊ လက်မှုပညာများ၊ ခေတ်မီမော်တာ စက်ချုပ်နည်းအပါအဝင် အိမ်တွင်းမှု သက်မွေးပညာများကို သင်တန်းကာလ ရက်သတ္တ ၂၂ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပြီး ကော့သောင်း မြို့ရှိ ရပ်ကွက်/ကျေးရွာ အသီးသီးမှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။