၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်သို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်သို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ပဲခူး   အောက်တိုဘာ  ၂၈

     ပဲခူးတိုင်းဒေသကြီး     အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၄    ခုနှစ်  ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများ ရရှိရေး ညှိနှိုင်းအစည်းအဝေး ကျင်းပရာ  ဦးစီးကော်မတီဥက္ကဋ္ဌ   ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက်  အားကစားနည်းအလိုက် ယှဉ်ပြိုင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တာဝန်ယူထားသည့် အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုနှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိနေသည့်  အခြေအနေများအား လည်းကောင်း၊ စခန်းသွင်းလေ့ကျင့်နေမှုအပေါ် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လေ့ကျင့်ရေးစခန်းများ အလိုက် အားကစားသမားများ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း အသီးသီး တင်ပြဆွေးနွေး ခဲ့ကြသည်။

ယင်းနောက်    ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်သွားနိုင်ရေး   နည်းပြများနှင့် အကောင်းဆုံးလေ့ကျင့် သင်ကြားနေမှု၊ ယှဉ်ပြိုင်ရမည့်ပုံစံနှင့်  နည်းစနစ်ပိုင်းဆိုင်ရာများအား  အသေးစိတ်ရှင်းလင်း တင်ပြကြောင်း သိရသည်။