ရုရှားကုမ္ပဏီများက Kalibr ဒုံးကျည်တင် စစ်သင်္ဘောပုံစံအသစ်ကို တာဝန်ရှိသူများထံ တင်ပြ
ရုရှားနိုင်ငံ သင်္ဘောတည်ဆောက်ရေး ကုမ္ပဏီများက Kalibr အနိမ့်ပျံဒုံးကျည်အစင်း ၂၀ အထိ တင်ဆောင်ပစ်ခတ်နိုင်တဲ့ စစ်သင်္ဘောအသစ်တစ်မျိုးရဲ့ ပုံစံကို တာဝန်ရှိသူများထံ တင်ပြခဲ့တယ်လို့ Ak Bars သင်္ဘောတည်ဆောက်ရေး ကော်ပိုရေးရှင်းမှ ညွှန်ကြားရေးမှူးချုပ် ရီနတ်မီစတာကော့က ပြောပါတယ်။
အဲဒီစစ်သင်္ဘောအသစ်က ဘက်စုံသုံး Buyan အတန်းအစား ကော်ဗက်စစ်ရေ ယာဉ်ကို အဆင့်မြှင့်တင်ထားတဲ့ ပုံစံဖြစ်လာပါလိမ့်မယ်။ သင်္ဘောတန်ချိန်သည်လည်း တန်ချိန် ၁၅၀၀ အထိ ရှိလာမှာပါ။
သူ့မှာ Kalibr ဒုံးကျည်အပြင် အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ စက်အမြောက်များနဲ့ ဒုံးကျည်စနစ်များစွာလည်း ပါဝင်လာဦးမှာဖြစ်ပါတယ်။ Kalibr အမျိုးအစား ဒုံးကျည်ဆိုတာ လက်ရှိမှာ အမြင့်ဆုံးတိုက်ပွဲဝင်နိုင်စွမ်း ရှိတဲ့ ဒုံးကျည်ဖြစ်ပါတယ်။