၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယအကြိမ်) စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယအကြိမ်) စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာ - ၃၀

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် အရှေ့ တောင်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယအကြိမ်) စာရေးကိရိယာများပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းက တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်း ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်မှ အခြေခံပညာအဆင့်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီးလက်ခံရယူခဲ့ကြ ကြောင်း သတင်းရရှိသည်။