ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင် ပရဟိတမိဘမဲ့ကျောင်းမှ ပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 

ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင် ပရဟိတမိဘမဲ့ကျောင်းမှ ပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ အောက်တိုဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ကျေးရွာရှိ သင်္ခရိုင်ပရဟိတ မိဘမဲ့ ကျောင်းမှ ပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် စွပ်စွဲရေးသားပြီး လှုံ့ဆော်ဝါဒ ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ ကြို့ပင်ကောက် မြို့နယ်အတွင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများ ခိုအောင်းလှုပ်ရှားမှု မရှိစေရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိပါသည်။ ထို့သို့ ဆောင်ရွက်ရာတွင် အောက်တိုဘာ ၂၉ ရက်က ၎င်းကျေးရွာအနီးသို့ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ အဆိုပါ ပရဟိတကျောင်းမှ ပြည်သူများကို ဖမ်းဆီးခြင်းမရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများက ယခုကဲ့သို့ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။