ဘုတလင်မြို့နယ်၊ အင်းတဲကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးကြောင်း မဟုတ်မမှန်လုပ်ကြံ ရေးသားဝါဒဖြန့်ဝေလျက်ရှိ

 

ဘုတလင်မြို့နယ်၊ အင်းတဲကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးကြောင်း မဟုတ်မမှန်လုပ်ကြံ ရေးသားဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ ၃၀ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ အင်းတဲကျေးရွာကို အောက်တိုဘာ လ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့လျက်ရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းများနှင့်ပတ်သက်၍ ဘုတလင်မြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းနေ့ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်းတဲ ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် အကြမ်းဖက်သမားများ ခိုအောင်းနေထိုင် မှုမရှိစေရေး နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အင်းတဲကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း မရှိခဲ့ကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေးဆောင်ရွက်နေ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံ ရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။