နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ အောက်တိုဘာ - ၃၀
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည် ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင် ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီး ကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံနှင့် လူမျိုး၏ ဂုဏ်ကို မြှင့်တင်ပေးခြင်းဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်များနှင့် အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားတက်ကြွစေ နိုင်သည့်အတွက် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ခမ်းခမ်းနားနားနှင့် အဓိပ္ပာယ်ရှိရှိ ကျင်းပရန် ရည်ရွယ်ထား ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ (၂၅) ရက်တွင်ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တွင် “အားကစားတိုးတက် အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်း နှင့်စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်ပြီး လူသားအ ရင်းအမြစ်များ တိုက်ရိုက်ဖွံ့ဖြိုးစေနိုင်ကြောင်း” ထည့်သွင်းမိန့်ကြားခဲ့ ကြောင်း၊ ၎င်းမှာ နိုင်ငံနှင့် ပြည်သူလူထုအတွက် အားကစားကဏ္ဍသည် မည်မျှ အရေးကြီးသည်ကို လမ်းညွှန်မှာကြားခြင်းပင်ဖြစ်ကြောင်း။
အမျိုးသားအားကစားပွဲတော်များကို ယခုအချိန်ထိ (၄)ကြိမ် ကျင်းပ ခဲ့ပြီးဖြစ်ကြောင်း၊ ပထမအကြိမ်ကို ၁၉၉၂ ခုနှစ်၊ မေလ (၃) ရက်နေ့မှ (၁၆)ရက်နေ့ထိ ရန်ကုန်မြို့တွင် အားကစားနည်း (၂၂)နည်း၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့မှ ဖေဖော် ဝါရီလ (၆)ရက်နေ့ထိ ရန်ကုန်မြို့တွင် အားကစားနည်း (၂၄)နည်း၊ တတိယအကြိမ်ကို ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့မှ (၂၄) ရက်နေ့ထိ ရန်ကုန်မြို့တွင် အားကစားနည်း (၂၉)နည်း၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ (၂၈)ရက်နေ့ထိ နေပြည်တော်တွင် အားကစားနည်း (၂၇)နည်းတို့ဖြင့် ကျင်းပခဲ့ကြောင်း။
ယခုကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ကျင်းပရန် မှာ အချိန်အားဖြင့် (၁)လကျော်ခန့်သာ ကျန်ရှိတော့သည့်အတွက် ပြိုင်ပွဲကျင်းပ နိုင်ရေး ဖွဲ့စည်းပေးထားသည့် ကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ အနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ ပြင်ဆင်ပြီးစီးနေကြပြီဟုယူဆပါကြောင်း။
ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲများ အဆင့်အတန်းမီမီ ကျင်းပနိုင်ရေးတို့အတွက် ကော်မတီ၊ ဆပ်ကော်မတီများ၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ဆဲ၊ ဆောင် ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းအခြေအနေများကို ယနေ့အစည်းအဝေးတွင် တင်ပြပေး ကြရန် လိုကြောင်း။
အလားတူ ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးက ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်တွင် အဆင့်အတန်းမီမီ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြင်ဆင် ဆောင် ရွက်ထားမှုအခြေအနေများကို တင်ပြပေးရန်မှာကြားလိုကြောင်း။
ပြိုင်ပွဲကြီး ပြီးသွားသည့်အခါတွင်လည်း ဝန်ကြီးဌာနများ၊ ပြည်နယ် နှင့် တိုင်းဒေသကြီးများအနေဖြင့် မိမိတို့ဌာနနှင့် ဒေသအလိုက် ကိုယ်စားပြုပြီး စွမ်းစွမ်းတမံ ပါဝင်ယှဉ်ပြိုင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သည့် အားကစားသမားများကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးမြှင့်ပေး အပ်ခြင်း စသည်ဖြင့် စီစဉ်ဆောင်ရွက်ပေးပြီး အားပေးသွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲကြီးက တစ်ဆင့် နိုင်ငံ့လက်ရွေးစင်အဖြစ် ရွေးချယ်ရရှိလာမည့် အားကစား သမားများကို စွမ်းရည်တိုးတက်ကောင်းမွန်အောင် ကျွေးမွေးမှု (Sports Nutrition)အပိုင်းတွင်လည်း အားကစားနည်းအလိုက် သိပ္ပံနည်းကျစနစ်တကျနှင့် ကယ်လိုရီတွက်ချက်ကျွေးမွေးစေရေး၊ ခွန်အားတိုးဖို့ တားမြစ်ဆေးမသုံးစွဲဘဲ တိုင်းရင်း ဆေးဝါးများနှင့် ဖေါ်စပ်ကျွေးမွေးစေရေးတို့ကိုဆောင်ရွက်ရန် စသည်ဖြင့် ကျန်းမာ ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်တိုက်တွန်းမှာကြားလိုကြောင်း။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရန် (၁)လ လိုအပ်သည့် အချိန် နိုဝင်ဘာလဆန်းပိုင်းကစပြီး ပြည်သူများစိတ်ဝင်စားစွာနှင့် စောင့်မျှော်အား ပေးနိုင်ရန်အတွက် အမျိုးသားအားကစားပွဲတော်နှင့် စပ်လျဉ်းသည့် မီဒီယာကဏ္ဍ လှုံ့ဆော်မှုများ၊ ပြိုင်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းအသီးသီး၏ ပြင်ဆင်နေမှု အင်တာဗျူးများ၊ နားထောင်သူတိုင်းနားထဲသံမှိုစွဲသလိုရောက်ရှိစေမည့် အားကစား ပွဲဆိုင်ရာ သီချင်းအသစ်များ၊ ပညာပေးဇာတ်လမ်းတို၊ ဟာသဇာတ်လမ်းတို စသည်များဖြင့် Social Media, Print Media, Broadcast Media တို့မှာ ပေါ့ပေါ့ပါးပါး Shortcut များနှင့်ဖော်ပြပြီး ပြည်သူလူထုကို ကြိုတင်လှုံ့ဆော်နိုင်ရေး စီစဉ်ဆောင် ရွက်ရန်လည်းလိုကြောင်း။
ပြိုင်ပွဲများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကျင်းပသွားရန်လိုအပ်ကြောင်း၊ သို့မှသာ မလိုလားအပ်သည့် အငြင်း ပွားမှုများ၊ ကန့်ကွက်မှုများမရှိနိုင်မှာဖြစ်သကဲ့သို့ ပြိုင်ပွဲ၏ ရလာဒ်များသည် လည်း မှန်ကန်တိကျပြီး နိုင်ငံ့လက်ရွေးစင်အဖြစ် ရွေးချယ်လျာထားမှုသည်လည်း ပိုမိုထိရောက် အကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ မျှတစွာယှဉ်ပြိုင်အားပေးမှုများနှင့် နိုင်ငံ၏ဂုဏ်နှင့် အားကစား အဆင့်အတန်းမြင့်မားစေနိုင်သည့်ပြိုင်ပွဲကြီးဖြစ်အောင် ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ပေးကြရန်မှာကြားလိုကြောင်း။
ယခုကျင်းပမယ့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမယ့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများအတွက် အလားအလာရှိသည့် လက်ရွေး စင် အားကစားသမားများ၊ မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရမည်ဖြစ် ကြောင်း၊ ထိုသို့ ရွေးချယ်ရာတွင် အမှန်တကယ်အရည်အချင်းရှိသူများကို စိစစ် ရွေးချယ် နိုင်ရေးအတွက် အားကစားနည်းအလိုက် အံဝင်ခွင်ကျရှိမယ့် စံနှုန်း သတ်မှတ်ချက်နှင့်အညီ နည်းစနစ်ကျွမ်းကျင်သူများဖြင့် စနစ်တကျ ရွေးချယ် သွားရန်မှာကြားလိုကြောင်း။
ပြည်နယ်များနှင့် တိုင်းဒေသကြီးအသီးသီးက အားကစား သမားများ နေပြည်တော်ကိုရောက်ရှိပြီး ပြိုင်ပွဲများကျင်းပနေစဉ် ကာလအတွင်း ၎င်းတို့၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ဆပ်ကော်မတီအလိုက်က စေ့စေ့စပ်စပ်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်လို ကြောင်း၊ အားကစားသမားများ စိတ်အေးချမ်းသာစွာနှင့် ပြိုင်ပွဲကြီးကို စိတ်ပါဝင်စားစွာ အဆင်ပြေပြေ ယှဉ်ပြိုင်နိုင်အောင် ဖြည့်ဆည်းဆောင်ရွက် ပေးကြရန်နှင့် ပြိုင်ပွဲကာလအတွင်း ကျန်းမာရေးကအစ မတော်တဆမှုများ၊ ထိခိုက် ဒဏ်ရာရမှုများ၊ ထူးခြားဖြစ်စဉ်များမရှိအောင် တာဝန်ရှိသူများနှင့် အသင်းလိုက် အုပ်ချုပ်သူများက ကြပ်မတ်ပြီး အားနည်းချို့ယွင်းချက် နည်းနိုင်သမျှနည်းနည်းနှင့် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်း။
ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီးကို အားကစား ပြိုင်ပွဲအဖြစ်သာ မရှုမြင်ဘဲ နိုင်ငံတော်အဆင့်အဓိပ္ပာယ်ရှိရှိ၊ အရည်အသွေးမြင့်မြင့်နှင့် စနစ်တကျအောင်မြင်အောင် ဆောင်ရွက်သွားကြရမည့် အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်သည်ဟု မှတ်ယူဆောင်ရွက်ကြရန်လိုကြောင်း၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကလည်း ကြီးမားကျယ်ပြန့်ခြင်းကြောင့် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ၊ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းကြီးများ၊ NGO အဖွဲ့အစည်းများ၊ မီဒီယာလောက သားများအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးက ကိုယ်စီကိုယ်စီကျရာ အခန်းကဏ္ဍအလိုက် အမျိုးသားရေးအသိ စိတ်ဓာတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် “စည်းလုံးညီညာ အောင်ကြောင်းဖြာ” ဆိုသကဲ့သို့ အမျိုးသားအားကစားပွဲတော်ကြီးကို အောင်မြင် စွာကျင်းပနိုင်မည်ဟုယုံကြည်ပါကြောင်း။
ယခုကျင်းပမယ့် အမျိုးသားအားကစားပြိုင်ပွဲကြီးသည် မိမိတို့ အားလုံး၏ မျိုးချစ်စိတ် တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများနှင့် တည်ငြိမ်အေးချမ်းမှုများကို ဖော်ထုတ်ပြသနိုင်မည့် အခွင့် အလမ်းတစ်ခုလည်းဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ယူဆောင်ရွက်ကြမည့် လုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် စီမံချက်ပါ လုပ်ငန်းတာဝန် များကို လစ်ကွက်ဟာကွက် မရှိစေဘဲ အောင်မြင်ပြီးမြောက်စေရေး ကြိုးပမ်း ဆောင်ရွက် သွားကြရန်နှင့် မမျှော်မှန်းနိုင်သည့် လုပ်ငန်းအခက်အခဲများ ပေါ်ပေါက် လာပါကလည်း တာဝန်ရှိသူအဆင့်ဆင့်မှ အချိန်နှင့်တစ်ပြေးညီ တင်ပြပြီး အဆင်ပြေ အောင်ဆောင်ရွက်သွားကြရန်၊ အထူးသဖြင့် ဆောင်ရွက်မှုတိုင်း အတွက် လုံခြုံရေး သတိ၊ လုံခြုံရေးအသိနှင့် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် တိုက်တွန်းမှာ ကြားသည်။
ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ် ဆိုင်ရာများ၊ ပြိုင်ပွဲအစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကျင်းပရေးကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန် ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးတို့က ပဉ္စမအကြိမ် အမျိုးသားအား ကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများကို ခေတ်ကာလနှင့်လျော်ညီစွာ နိုင်ငံ တော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက်ဆောင်ရွက်သွားမည့် အစီ အစဉ်လျာထားချက်များနှင့် သက်ဆိုင်ရာအားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင် ကြမည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ မီးရှူးမီးပန်းပစ်ဖောက် ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော် မတီ၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ် ကော်မတီ၊ ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆို နေရာချထားရေးဆပ်ကော်မတီ၊ အခမ်းအနားပြင် ဆင်ရေးဆပ်ကော်မတီ၊ တည်းခိုနေ ထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီနှင့် ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရေးဆပ် ကော်မတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အခမ်းအနား အောင် မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက် ချက်များ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားကြမည့် အစီအမံများ ကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။