ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံများ ကြံ့ခိုင်မှု ကောင်းမွန်လျက်ရှိပြီး စိုးရိမ်ရန်မရှိ

 

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံများ ကြံ့ခိုင်မှု ကောင်းမွန်လျက်ရှိပြီး စိုးရိမ်ရန်မရှိ

 

နေပြည်တော်   အောက်တိုဘာ    ၃၀

      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက     ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ထိန်းသိမ်းထားသော  ရေလှောင်တမံနှင့် ရေထိန်းတမံစုစုပေါင်း ၁၂ ခုရှိရာ  အောက်တိုဘာလ ၃၀ ရက်၌ ကန်ရေပြည့် ရေမှတ်အထက်ကျော်လွန်၍ ရေကျော်စီးဆင်းနေသည့် ရေလှောင် တမံမရှိပါ။

အဆိုပါရေလှောင်တမံများ၏ ကြံ့ခိုင်မှုအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တာဝန်ကျဝန်ထမ်းများအား ၂၄ နာရီ ရေကင်းတာဝန် ချထား၍ အနီးကပ်စောင့်ကြပ် စစ်ဆေးလျက်ရှိကြောင်းနှင့်  စိုးရိမ်ရန် မရှိကြောင်း သိရသည်။