ကန့်ဘလူမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူများကို  ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ

ကန့်ဘလူမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူများကို  ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ ၃၁ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၃၀ ရက်နေ့က ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားကာ မုံလှရွာရှိ ခရစ်ယာန် ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲဖျက်ဆီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ ကြောင်း တွေ့ရှိရသည်။     

အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် အဆိုပါရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာများဝန်းကျင်တွင် လုံခြုံရေးဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း သိရှိရပြီး တရားမဝင်ပြည်ဖျက်မီဒီယာများက ဖြစ်စဉ်ဖြစ်ရပ်မှန်ကန်မှုမရှိသည့် သတင်းမှားများကို လုပ်ကြံရေးသားကာ လူမှုကွန်ရက်တွင်ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။