ယင်းမာပင်ခရိုင်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးချိန်တွင် နေကြာသီးနှံ ၁၆၀၈၆ ဧက စိုက်ပျိုးပြီးစီး

 

ယင်းမာပင်ခရိုင်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးချိန်တွင် နေကြာသီးနှံ ၁၆၀၈၆ ဧက စိုက်ပျိုးပြီးစီး

 

ယင်းမာပင်   အောက်တိုဘာ   ၃၁

     စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးချိန်တွင် နေကြာသီးနှံ ၁၆၀၈၆ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးချိန်တွင် ယင်းမာပင်ခရိုင်၌  နေကြာသီးနှံဧက ၁၆၂၅၀ စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် ဇွန်လမှ ခဲ့ကြရာ ယနေ့အထိ ယင်းမာပင်မြို့နယ်၌   ၇၇၆၉  ဧက၊  ကနီမြို့နယ်၌၃၈၈၇ ဧက၊ ဆားလင်းကြီးမြို့နယ်၌ ဧက ၁၂၁၀ နှင့်ပုလဲမြို့နယ်၌ ဧက ၃၂၂၀  စုစုပေါင်း ၁၆၀၈၆ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်သည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးချိန် ယင်းမာပင်ခရိုင်မှာ နေကြာ ၁၆၀၈၆ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ပါတယ်။ ပြည်ပမှတင်သွင်းတဲ့ စားအုန်းဆီကို လျှော့ချနိုင်ရန်အတွက် ဆီထွက်သီးနှံဖြစ်တဲ့နေကြာကို တိုးချဲ့စိုက်ပျိုးရေး ဆောင်ရွက်ပေးတယ်။ ဆီထွက်သီးနှံဖြစ်တဲ့နေကြာဟာ တစ်ဧကဆီထွက်ရှိမှုက ကျန်တဲ့မြေပဲ၊နှမ်းတွေထက် များတယ်။ နေကြာကို ဆောင်းမှာ အများစုစိုက်ကြတာပါ"ဟု ယင်းမာပင်ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းကပြောသည်။

ယင်းမာပင်ခရိုင်တွင် နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပညာပေးသင်တန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ခြင်း၊ ဝန်ထမ်းနှင့် နေကြာစိုက်ပျိုးမည့်တောင်သူများ စွမ်းဆောင်ရည်မြင့်မားရေး အတွက် ပညာပေးသင်တန်းများကို  အရှိန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။