နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား
နေပြည်တော် နိုဝင်ဘာ ၄
(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်း ပရာ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီ ဉက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ကော်မတီဝင်များ၊ ဆပ်ကော်မတီများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ညှိနှိုင်းအစည်းအဝေးသည် ၂၀၂၄ ခုနှစ် (၂၃)ကြိမ်မြောက် ကျင်းပမည့် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲကို နိုင်ငံတော်အဆင့်အနေဖြင့် ၂၀၀၀ ပြည့်နှစ်က စတင်ကျင်းပခဲ့ရာ(၂၂) ကြိမ်မြောက်အထိ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပြီး ယခု (၂၃)ကြိမ်မြောက်ကိုလည်း အဆင်ပြေချောမွေ့ အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် မိမိတို့ ဦးစီးကော်မတီအနေဖြင့် စီစဉ်ဆောင်ရွက်ရန် ရှိသည်များကို အသေးစိတ် ဆွေးနွေးညှိနှိုင်းကြရန်ဖြစ်ကြောင်း။
(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို တိုင်းရင်း ဆေးပညာ သင်ကြားရေးဆိုင်ရာ အရည်အသွေး အသိအမှတ်ပြုနိုင်စေရန်၊ တိုင်းရင်း ဆေးပညာပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းဆေးဝါးများ ခေတ်စနစ်နှင့် အညီ ထုတ်လုပ်နိုင်စေရန်၊ အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမို မွေးထုတ်ပေးနိုင်စေရန်၊ မြန်မာ့တိုင်းရင်းဆေးပညာ ရိုးရာယဉ်ကျေးမှု အမွေအနှစ် အား လေးစားတန်ဖိုးထားတတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အထက်ပါ ရည်ရွယ်ချက် များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အားလုံး ဝိုင်းဝန်း ပူးပေါင်း ကူညီဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရှေးဘိုးဘွား စဉ်ဆက် နှစ်ပေါင်းများစွာက ရှိခဲ့သော ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့တိုင်းရင်းဆေးပညာ ရပ်ကို အမျိုးသားယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားနိုင် ရေးကို ယခုညီလာခံနှင့် နှီးနှောဖလှယ်ပွဲများမှ ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်း။
ညီလာခံတွင် အဆိုတင်သွင်းခြင်း၊ ထောက်ခံဆွေးနွေးခြင်းများ ဆောင်ရွက် မည်ဖြစ်သကဲ့သို့ နှီးနှောဖလှယ်ပွဲတွင် ဖတ်ကြားမည့် စာတမ်းများသည် ရှေးဘိုးစဉ် ဘောင်ဆက် တိုင်းရင်းသားများ၏ ရိုးရာဆေးဝါးများ၊ ကုထုံးများ လက်တွေ့ တိုင်းရင်း သားများ အသုံးပြုနေသည့် ဆေးဝါးများနှင့် ကုထုံးများ အဓိကပါဝင်ရန် လိုအပ်သည့် အပြင် နိုင်ငံတကာသုံး ရိုးရာတိုင်းရင်းဆေးဝါးများနှင့်လည်း နှိုင်းယှဉ်၍ အားသာချက်၊ အားနည်းချက်များကို ပြုစုကြရန်လိုကြောင်း၊ ထို့ပြင် အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် အထူးမှာကြားလို ကြောင်း။
ညီလာခံနှင့် နှီးနှောဖလှယ်ပွဲဆောင်ရွက်ချက် မှတ်တမ်းများကို ယခင်နှစ် များနည်းတူ စနစ်တကျပြုစုပြီး မျိုးဆက်သစ် နောင်လာ နောက်သားများအတွက် လက်ဆင့်ကမ်း အသုံးပြုနိုင်ရန် မှတ်တမ်းတင်ထားရှိရန် မှာကြားလိုကြောင်း၊ ထိုသို့ မှတ်တမ်းတင်ရာတွင် မှတ်တမ်းထားရှိ ထိန်းသိမ်းမှု၌ မှတ်တမ်းများ မပျက်မစီးဘဲ သားစဉ်မြေးဆက် အသုံးချနိုင်ရေး မူရင်းစာတမ်းများကို စနစ်တကျ ထိန်းသိမ်းရန် လိုအပ်သကဲ့သို့ (I.T) ခေတ်ဖြစ်၍လည်း မူရင်းစာတမ်းမှ အချက်အလက်များကို စုစည်း၍ Data Base တစ်ခု တည်ဆောက်ပြီး ဝန်ကြီးဌာန၏ Website များ၊ Sever များတွင် ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ထို့ပြင် စာတမ်းပါ ဆေးဝါးများနှင့် ပတ်သက်၍ အများ ပြည်သူများအလွယ်တကူ သောက်သုံးနိုင်ရေးကိုလည်း တီထွင် ကြံဆထုတ်လုပ် ရမည် ဖြစ်သကဲ့သို့ ထုတ်လုပ်ပြီး တိုင်းရင်းဆေးဝါးများကိုလည်း မူပိုင်ခွင့်အရ မှတ်ပုံတင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း။
မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများသည် မြန်မာနိုင်ငံ အတွင်းရှိ တော၊ တောင်၊ ရေ၊ မြေတို့က ရရှိနိုင်သည့် သဘာဝ အရင်းအမြစ်များဖြင့် တိုင်းရင်းဆေး ဝါးများတွင် ထည့်သွင်း အသုံးပြုပြီး ခေတ်အဆက်ဆက်တွင် ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးသကဲ့သို့ ကပ်ရောဂါဘေးနှင့် သဘာဝဘေး အန္တရာယ် များဖြစ်သည့် လေဘေး၊ ရေဘေးစသည့် အန္တရာယ်များ ကြုံတွေ့သည့် အခါမှာလည်း ပြည်သူလူထုကို တစ်ဖက်တစ်လမ်းက မြန်မာ့တိုင်းရင်းဆေးပညာဖြင့် အားသွန်ခွန်စိုက် စွမ်းစွမ်းတမံ စောင့်ရှောက်ပေးကြသည်ကို တွေ့ရကြောင်း။
ထို့ပြင် နိုင်ငံတကာပူးပေါင်ဆောင်ရွက်မှုအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင် အစရှိသည့် နိုင်ငံတကာအဖွဲ့ အစည်းများနှင့်တိုင်းရင်းဆေးပညာကဏ္ဍများတွင် အတူပူးပေါင်းဆောင်ရွက်နေခြင်း ဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများ အရည်အသွေးပြည့်ဝစွာဖွံ့ဖြိုးတိုး တက်ပြီး နိုင်ငံတကာသို့ ထိုးဖောက်နိုင်မည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင် ရွက်သွားကြရန် လိုအပ်သကဲ့သို့ ကုထုံးများ၊ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းအစဉ်အလာ ကြီးမားသည့် ဆေးကျမ်းများနှင့် အာနိသင် ထက်မြက်သည့် ဆေးဝါးများစသည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်များ၏ အနှစ်သာရ အဆီအနှစ်များကို စုစည်းပြီး အမျိုးသား အမွေအနှစ် ဆေးပညာရပ် တစ်ရပ်အဖြစ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဤညီလာခံကြီးမှ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေး ကြရမည် ဖြစ်ကြောင်း။
အခြားနိုင်ငံများ၏ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကို မြန်မာနိုင်ငံမှ တိုင်းရင်းဆေးပညာရှင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူ လုပ်ငန်း ရှင်များ သွားရောက်ပြီး တက်ရောက်ခဲ့ကြသကဲ့သို့ ယခုညီလာခံနှင့် နှီးနှောဖလှယ်ပွဲ သို့လည်း အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများမှ ဘာသာရပ်ဆိုင်ရာပညာရှင်များ ဖိတ်ကြား၍ ပါဝင်ဆွေး နွေးစေလိုကြောင်း။
ထို့ကြောင့်(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကြီးကို နိုင်ငံတော်အဆင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးအနေဖြင့် မိမိတို့သက်ဆိုင်ရာ အခန်းကဏ္ဍများတွင် လစ်ဟာမှုမရှိအောင် အင်တိုက်အားတိုက် ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကျင်းပရခြင်းနှင့် နှီးနှော ဖလှယ်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး က နှီးနှောဖလှယ်ပွဲကြီး အောင်မြင် ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ အလိုက် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအ နေများ၊ ယခုနှစ် ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်သွားမည့် အသေးစိတ် အချက် အလက်များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့်သတင်း ထုတ်ပြန်ရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေး ရေးဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးနှင့် တည်းခိုနေရာချထားရေး ဆပ်ကော်မတီ နှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက (၂၃)ကြိမ်မြောက် မြန်မာ့ တိုင်းရင်း ဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှော ဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းတင်ပြ ချက်များ နှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။