ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားမွေးမြူရေး လုပ်ငန်းနှင့် မွေးမြူရေးထွက်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားမွေးမြူရေး လုပ်ငန်းနှင့် မွေးမြူရေးထွက်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်

 

နေပြည်တော် နိုဝင်ဘာ ၄

     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည်   ယမန်နေ့က ပဲခူးမြို့ ရပ်ကွက်ကြီး(၂)ရှိ ပုဂ္ဂလိက ပုစွန်ချဉ်၊ ငါးချဉ် နှင့် ငါးပိထောင်း စားသောက်ကုန်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ အစားအစာဘေးကင်း လုံခြုံရေး၊  စားသောက်ကုန်ထုတ်လုပ်မှု ဆိုင်ရာ စံသတ်မှတ်ချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ဆောင် ရွက်သူများ ကူးစက်ရောဂါကင်းစင်ရေး၊ တစ်ကိုယ်‌ရေသန့်ရှင်းရေး၊    လုပ်ငန်း ကျွမ်းကျင်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပဲခူးမြို့ ဘိုကုန်းရပ်ကွက်ရှိ ပုဂ္ဂလိက နို့စားနွားမွေးမြူရေးခြံ၏ နို့စား နွားများ မွေးမြူထားရှိမှု၊ နို့နှင့် နို့ထွက် ပစ္စည်းထုတ်လုပ်နေမှု၊ ပဲခူးမြို့ ငါးလုပ်ငန်းဦးစီးဌာန ငါးသားဖောက်စခန်းတွင် ငါးရံ့၊ ငါးကျည်း၊ ငါးဖန်းမနှင့် ငါးပြေမ စသည့် တိုင်းရင်းငါးမျိုးများ ဆေးထိုးသားဖောက် လုပ်ငန်းဆောင်ရွက်နေမှုကို   ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ သင်တန်းခန်းမတွင် တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ် လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် တင်ပြကြရာ ဒုတိယဝန်ကြီးက  စားရေရိက္ခာဖူလုံရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၏ အနီး ကပ်ကြီးကြပ်မှုဖြင့် ဘဏ္ဍာရေးနှစ်အလိုက် တိုးချဲ့ဆောင်ရွက်ရမည့်  စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ထိရောက် အောင်မြင်ရေးအတွက် အလေးထားဆောင် ရွက်ရမည့် လုပ်ငန်းရပ်များကို အသေးစိတ် ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ပုဂ္ဂလိက ငါးပိ၊ ငံပြာရည် ထုတ်လုပ်ရေးလုပ်ငန်း၏  ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး ထုတ်လုပ်မှုဆိုင်ရာ စံသတ်မှတ်ချက်များအား  တိကျစွာ လိုက်နာဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

Dates: 
Tuesday, November 5, 2024 - 06:02