မအူပင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည့် ဆိုင်ကယ်များကို လျှော့ဈေးဖြင့် ရောင်းချနေသည်ဟု မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ဝေ
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာလ ၅
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး ထားသည့် ဆိုင်ကယ်များအား လျှော့ဈေးဖြင့် ရောင်းချနေသည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံ ဝါဒဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရ သည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေခံတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မအူပင်မြို့အတွင်း အကြမ်းဖက်သမားများ စိမ့်ဝင်ခိုအောင်းမှု မရှိစေရေးနှင့် ခရီးသွားပြည်သူများ အေးချမ်းစွာခရီးသွားလာနိုင်ရေးအတွက် လုံခြုံရေး အရ စစ်ဆေးဆောင်ရွက်မှုများ ရှိသော်လည်း လုံခြုံရေးနှင့် မသက်ဆိုင်သည့် ကိစ္စများကို ဆောင်ရွက်ခြင်းမရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် ပြည်သူများက အထင်အမြင်လွဲမှားစေရန်၊ အေးချမ်းစွာနေထိုင် လိုသည့်ပြည်သူများ စိုးရိမ်ထိက်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့် အကြမ်းဖက်သမားများ လွယ်ကူစွာ ဝင်ထွက်သွားလာနိုင်စေရန်အတွက် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။