ဆောမြို့ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ ၂ ဦး သေဆုံးကြောင်း သတင်းအမှားများမဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ ၅ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ နိုဝင်ဘာ ၄ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများရေးသားဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူ တစ်ဦး ၏ပြောကြားချက်အရ အဆိုပါမြို့နယ်တွင် လုံခြုံရေးလုပ်ငန်းများကို ပုံမှန် ဆောင်ရွက်လျက်ရှိပြီး လက်နက်ငယ်များဖြင့်ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့ သည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများသည် လက်နက်အားကိုးဖြင့် ရဟန်သံဃာများ၊ အစိုးရဝန်ထမ်းများနှင့်၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ရက်စက်ယုတ်မာစွာ သတ်ဖြတ်လျက်ရှိသည်ကို ပြည်သူများအသိပင်ဖြစ် ကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးလုပ်ငန်း များဆောင်ရွက်မှုကို ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေခြင်းအပေါ် မလိုလား၍ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက အခြေအမြစ်မရှိသည့် သတင်းအမှားများဖြင့် သတင်းအဆိပ်ခတ်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။