လုံခြုံရေးတပ်ဖွဲ့ဝင်များက မင်းတပ်မြို့ကို မီးရှို့မှုများ ဆက်တိုက်လုပ်နေကြောင်း သတင်းတု၊  သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိ

 

လုံခြုံရေးတပ်ဖွဲ့ဝင်များက မင်းတပ်မြို့ကို မီးရှို့မှုများ ဆက်တိုက်လုပ်နေကြောင်း သတင်းတု၊  သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာလ ၅

ချင်းပြည်နယ်(တောင်ပိုင်း)၊ မင်းတပ်မြို့ကို နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက မင်းတပ်မြို့၊ အနောက်ရပ်ကွက်၊ ဆည်မြောင်းရုံးဝန်းအတွင်းရှိ ဝန်ထမ်း အိမ်ရာများ၊ လူမနေသည့် အိမ်များကို လိုက်လံမီးရှို့ ဖျက်ဆီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရ သည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံ လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူမနေသည့်အိမ်များကို မီးရှို့၍ ပျက်စီးခဲ့သည်ဆိုသည့် သတင်းမှာ သတင်းတု၊ သတင်းမှားများသာဖြစ်ကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် မင်းတပ်မြို့တွင် နေထိုင်နေကြသည့် ပြည်သူ၊ ပြည်သားများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် ဒေသခံ ပြည်သူများပြန်လည်ဝင်ရောက်နေထိုင်မည်ကို မလိုလားသဖြင့် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့် ဝေခြင်းသာဖြစ်ကြောင်းသိရသည်။

Dates: 
Tuesday, November 5, 2024 - 17:54