ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် ၄ မြို့နယ် ၂၀၂၄ ခုနှစ် စဉ်ဆက်ပညာရေး လုပ်ငန်းဖွင့်ပွဲ၊ ကျိုင်းတုံမြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားခဲ့သည့် အိမ်ထောင်စုများ အား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာလ ၅ ရက်
ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် (၂၀၂၄) ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ် ၄ မြို့နယ် စဉ်ဆက်ပညာရေး လုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ နည်းပြများ၊ ကြီးကြပ်များစာပေနှင့်ယာဉ်ကျေးမှုအဖွဲ့ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ကအဖွင့်အမှာစကား ပြောကြားပြီး စဉ်ဆက်ပညာရေး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ် ၄ မြို့နယ်အတွက် ထောက်ပံ့ငွေ များ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှလက်ခံရယူသည်။ ထို့နောက် ဒေသခံပြည်သူများ နှင့် တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုဗဟို ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများနှင့် စဉ်ဆက် ပညာရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။အဆိုပါ ၂၀၂၄ ခုနှစ်၊ စဉ်ဆက်ပညာရေးလုပ်ငန်းများအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ် ၄ မြို့နယ်ရှိ သင်တန်းသား ၁၅၉၇ ဦးအား နိုဝင်ဘာလ ၈ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ သင်ကြားပို့ချသွား မည်ဖြစ်သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ သဘာဝဘေးဖြစ်ပွားခဲ့ သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေး အပ်ပွဲကို ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက် အမှာစကားပြောကြားသည်။
ထို့နောက် ကျိုင်းတုံခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက တိုင်ဖွန်းမုန်တိုင်းရာဂီနှင့် ဆက်စပ်ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးဖြစ်ပွားခဲ့မှုနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေ များအား ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကျိုင်းတုံမြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားခဲ့သည့် အိမ်ထောင်စု ၁၃၀ စုမှ အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် လူသုံးကုန် ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။