ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်ရှိ လက်ဆည်ရပ်ကွက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊  သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိ

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်ရှိ လက်ဆည်ရပ်ကွက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊  သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာလ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ပေါ်ရှိ လက်ဆည်ရပ်ကွက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နိုဝင်ဘာလ(၅)ရက်နေ့တွင် ဝင်ရောက်မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများကမဟုတ်မမှန် သတင်းတု၊ သတင်းအမှား များ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇီးကုန်းမြို့ပေါ်ရပ်ကွက်အတွင်း ဝင်ရောက် မီးရှို့ပြီး အရပ်သားများအား ဖမ်းဆီးခေါ်ဆောင်သည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်သမားများ စိမ့်ဝင်မှုမရှိ စေရေးနှင့် အဖျက်အမှောက်လုပ်ငန်းများမလုပ်ဆောင်နိုင်စေရန်အတွက် လိုအပ်သော နယ်မြေ လုံခြုံရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရပ်ကွက်/ကျေးရွာများအား မီးရှို့ခြင်း၊ ဒေသခံပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆာင်မှုမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများကသာ ၎င်းတို့အားထောက်ခံအားပေးမှုမရှိသည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင် လျက်ရှိသည်ကို  ပြည်သူများအသိပင်ဖြစ်သည်။

ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက အကြမ်းဖက် သောင်းကျန်းသူများ၏လုပ်ရပ်များကို ဖုံးကွယ်ပေးရန်၊ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။