၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့်စာရေးကိရိယာများ(ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့်စာရေးကိရိယာများ(ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်

နေပြည်တော် နိုဝင်ဘာ ၆

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာ များ(ဒုတိယအကြိမ်) ချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင် များက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော  ကျောင်း သား၊ ကျောင်းသူများနှင့် အောင်စိုးမိုး(၁)စစ်မှုထမ်းဟောင်းအိမ်ယာရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာ များအား ထောက်ပံ့ပေးအပ်သည်။

အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီး၌လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေး ကိရိယာများ(ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်ပွဲများအား အသီးသီးကျင်းပပြုလုပ်ခဲ့ ကြကြောင်း သတင်းရရှိသည်။