XPENG က အဆစ်ပေါင်း ၆၀ ကျော်ပါတဲ့ လူတူစက်ရုပ်ကိုပြသ

XPENG က အဆစ်ပေါင်း ၆၀ ကျော်ပါတဲ့ လူတူစက်ရုပ်ကိုပြသ
 

တရုတ်နိုင်ငံမှ လျှပ်စစ်သုံးယာဉ်ထုတ် လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ XPENG က လည်း တက်စလာနည်းတူ လူတူစက်ရုပ် တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါတယ်။ စက်ရုပ်ရဲ့နာမည်ကိုတော့ Iron လို့ပေး ထားပါတယ်။ 

Iron ဟာ လူတူစက်ရုပ်ဆိုတဲ့အတိုင်းပဲလူတစ်ယောက်လိုမျိုး လှုပ်ရှားသွားလာ နိုင်စွမ်းရှိစေဖို့ သူ့မှာ  အဆစ်ပေါင်း ၆၀ ကျော်ကို ထည့်သွင်းတပ်ဆင်ပေးထား တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ၂၀၀ ဒီဂရီအထိကို လွတ်လပ်စွာလှုပ်ရှားနိုင်တာကြောင့်  သူ့ကိုမော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းမှာပင်အသုံးပြုနေပြီဖြစ်ကြောင်း  XPENG  က ထုတ်ပြန်ထားပါတယ်။

XPENG က ဒီစက်ရုပ်ကို 2024 AI Day Event မှာထုတ်ဖော်ပြသခဲ့တာပါ။ အဲဒီ ပွဲမှာ XPENG ကဖန်တီးထုတ်လုပ်ထားတဲ့ AI နည်းပညာတွေကို ပြသခဲ့တာဖြစ်ပါ တယ်။ Iron က    ဒီပြပွဲမှာ အထူးပြသမှုတစ်ခုအနေနဲ့ပါဝင်ခဲ့တာပါ။

အရပ် ၅ ပေ ၈ လက်မနဲ့ အလေးချိန် ၁၅၄ ပေါင်ရှိတဲ့ Iron က အခုဆိုရင် XPENGကနေ နောက်ထပ်ထုတ်လုပ်မယ့် P7+လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ရေးလုပ်ငန်းမှာ   ပစ္စည်းတပ်ဆင်ရေးကဏ္ဍကနေလူသားအလုပ်သမားတစ်ဦးကဲ့သို့ ပါဝင်လာနေပြီပဲဖြစ်ပါတယ်။