အန်တိုနီအနေဖြင့် လာမည့်ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှထွက်ခွာမည်မဟုတ်ကြောင်း အေးဂျင့်ဖြစ်သူပြောကြား

အန်တိုနီအနေဖြင့် လာမည့်ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှထွက်ခွာမည်မဟုတ်ကြောင်း အေးဂျင့်ဖြစ်သူပြောကြား

မန်ချက်စတာ  နိုဝင်ဘာ  ၁၇

မန်ယူအသင်းတောင်ပံကစားသမား အန်တိုနီ၏ အေးဂျင့်ဖြစ်သူ ပီဒရိုဆိုက အန်တိုနီအနေဖြင့် လာမည့် ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှထွက်ခွာမည်မဟုတ်ကြောင်း   ပြောကြားခဲ့သည်။

‌အသက်  ၂၄  နှစ်အရွယ်   အန်တိုနီသည်   ၂၀၂၂ ခုနှစ်က အေဂျက်ဇ်အသင်းမှ မန်ယူအသင်းထံပြောင်း ရွှေ့ကစားခဲ့ပြီး အသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက်  အနာဂတ်မရေမရာဖြစ်နေသူဖြစ်သည်။

အန်တိုနီသည် အေဂျက်ဇ်အသင်းတွင် အကောင်း ဆုံးခြေစွမ်းပြနိုင်ခဲ့သော်လည်း     မန်ယူအသင်း၌ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရကာ အသင်းနှင့်  ပထမဆုံးဘောလုံးရာသီတွင်  ၄၄  ပွဲကစားခွင့်ရရှိခဲ့သော်လည်း    သုံးဂိုးသာသွင်းယူနိုင်ခဲ့ပြီး   ဒုတိယ ဘောလုံးရာသီတွင်     ၃၈    ပွဲအထိပါဝင်ကစားခဲ့ရာ နှစ်ဂိုးသာသွင်းယူနိုင်သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

အန်တိုနီသည်    ယခုဘောလုံးရာသီတွင်     ပုံမှန် ပွဲထွက်ခွင့်မရရှိဘဲ ရုန်းကန်နေရကာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင်လည်း နှစ်ပွဲသာပါဝင်ကစားခဲ့ရသည်။ မန်ယူ အသင်းကလည်း  လာမည့်ဇန်နဝါရီလ ကစားသမား အပြောင်းအရွှေ့ကာလတွင် အန်တိုနီကို အပြီးသတ် ရောင်းချနိုင်ခြင်းမရှိပါက  အငှားစာချုပ်ဖြင့်စေလွှတ် မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အေးဂျင့် ပီဒရိုဆိုက   အသင်းမှထွက်ခွာမည်မဟုတ်ကြောင်းအတည်ပြုပြောကြားခဲ့သည်။