မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် ကချင်ယူနိုက်တက်အသင်းနှင့် ရာမညယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ
ရန်ကုန် နိုဝင်ဘာ ၁၈
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပ လျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၁၂)အဖြစ် ယနေ့ညနေပိုင်းတွင် ရန်ကုန် မြို့၌ကျင်းပခဲ့ရာ ကချင်ယူနိုက်တက်အသင်းနှင့် ရာမညယူနိုက်တက်အသင်းတို့နိုင်ပွဲ ကိုယ်စီရရှိခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၁၂)ပွဲစဉ်များအဖြစ် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ရှိ တက္ကသိုလ် အားကစားကွင်း၌ ကချင်ယူနိုက်တက်အသင်းနှင့် ဆေးဗားစတားအသင်းတို့ ကစားခဲ့ရာ ကချင်ယူနိုက် တက်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး ကချင် ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၄၅ မိနစ်ပြည့်ပြီး အချိန်ပို ၂ မိနစ်တွင် Ben Mourabak ကလည်း ကောင်း၊ ပွဲချိန် ၇၃ မိနစ်တွင် Bounddma ကလည်းကောင်း အသီးသီးသွင်းယူနိုင်ခဲ့သည်။
အလားတူ ညနေ ၃ နာရီတွင် ပဒုမ္မာ အားကစားကွင်း၌ ဧရာဝတီရိန်းဂျား အသင်းနှင့် ရာမညယူနိုက် တက်အသင်းတို့ ကစားခဲ့ရာ အပြန်အလှန်သွင်းဂိုးများဖြင့် ရာမညယူနိုက်တက်အသင်းက ၃ ဂိုး ၂ ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး ရာမညယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၂၆ မိနစ်နှင့် ၉၃ မိနစ်တို့တွင် ဆန်းမြင့်နိုင် ကလည်းကောင်း၊ ပွဲချိန် ၂၉ မိနစ်တွင် ဝေယံစိုးကလည်းကောင်း သွင်းယူပေးနိုင်ခဲ့ပြီးဧရာဝတီရိန်းဂျားအသင်းအတွက်သွင်းဂိုးများကို ပွဲချိန် ၄၈ မိနစ်တွင် ကျော်ထက်နှင့် ပွဲချိန် ၅၇ မိနစ်တွင် အောင်နိုင်ဖြိုးတို့က သွင်းယူပေးနိုင်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ် (၁၂)အပြီးတွင် University အသင်း က ဂိုးကွာခြားချက်အသာ ရမှတ် ၂၇ မှတ်ဖြင့်အမှတ်ပေးဇယားထိပ်ဆုံးတွင်ဆက်လက်ဦးဆောင်လျက်ရှိနေပြီး ရာမညယူနိုက် တက်အသင်းက ရမှတ် ၂၇ မှတ် ဖြင့် အမှတ်ပေးဇယား အဆင့်(၂)နေရာ မှ ဖိအားပေးလျက်ရှိနေ ကြောင်းသိရသည်။