ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုဆိုနေရာချထား မည့် အစီအစဉ် ကြိုတင်လေ့ကျင့်

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုဆိုနေရာချထား မည့် အစီအစဉ် ကြိုတင်လေ့ကျင့်

 

နေပြည်တော်    နိုဝင်ဘာ   ၁၈

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီနှင့် ဝန်ကြီးဌာန များမှ တာဝန်ရှိသူများ ပါဝင်သည့် အားကစား ကွင်းအတွင်း    ကြိုဆိုနေရာချထားမည့် အစီအစဉ်ကြိုတင်လေ့ကျင့်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုး သားအားကစားပွဲတော်  ဖိတ်ကြားရေး နှင့်ကြိုဆိုနေရာချထား ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန  ဒုတိယဝန်ကြီး  ဦးဇင်မင်းထက်က ယခုကျင်းပမည့် အားကစားပွဲတော်သည် နိုင်ငံတော်အဆင့်ကျင်းပသည့် အခမ်းအနား ဖြစ်၍  လုံခြုံရေး ကျိုးပေါက်မှုမရှိစေရေး အတွက် ဝန်ကြီးဌာနများ/ အဖွဲ့အစည်းများမှ တာဝန်ခံများအနေဖြင့် အထူး အလေးထားပြီး ပူးပေါင်းဆောင်ရွက်ပေးသွားရန် လိုအပ် ကြောင်း ပြောကြားသည်။

ထို့နောက်   ဖိတ်ကြားရေးနှင့် ကြိုဆို နေရာချထားရေးဆပ်ကော်မတီဝင်များက ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား အမျိုးသားအားကစားပွဲတော်ကျင်းပသည့် အခါ ကွင်းအတွင်းသို့  ဝင်ရောက်ခွင့်ပြု သည့် သတ်မှတ်ဂိတ်များ၊ မော်တော်ယာဉ်ရပ်နားရမည့်သတ်မှတ်နေရာများ၊ ဇုန်အလိုက် ထိုင်ခုံနေရာ ချထားမှုများနှင့် လိုအပ်သည် များကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။