ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် ပေါ့ဂ်ဘာ အသင်းသစ်မပြောင်းရွှေ့မီ မန်ယူအသင်း၏ လေ့ကျင့်ရေး ကွင်း၌ လေ့ကျင့်ရန်စီစဉ်

ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် ပေါ့ဂ်ဘာ အသင်းသစ်မပြောင်းရွှေ့မီ မန်ယူအသင်း၏ လေ့ကျင့်ရေး ကွင်း၌ လေ့ကျင့်ရန်စီစဉ်

 

မန်ချက်စတာ  နိုဝင်ဘာ   ၁၈

‌ဂျူဗင်တပ်စ်အသင်းနှင့်    စာချုပ်ဖျက်သိမ်းကာ လမ်းခွဲပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် ပေါ့ဂ်ဘာသည်   အသင်းသစ်မပြောင်းရွှေ့မီ အသင်းဟောင်း မန်ယူအသင်း၏ ကာရင်တန် လေ့ကျင့်ရေး ကွင်း၌  ကြံ့ခိုင်မှုပိုင်းအတွက်  လေ့ကျင့်ရန်စီစဉ်နေ ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

အသက်  ၃၁  နှစ်အရွယ်  ပေါ့ဂ်ဘာသည်  ၂၀၂၂ ခုနှစ်က မန်ယူအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်း ရွှေ့ကစားခဲ့သော်လည်း ဒဏ်ရာပြဿနာများကြောင့် မကြာခဏအနားယူနေခဲ့ရသကဲ့သို့ပြီးခဲ့သည့် ဘောလုံး ရာသီကလည်းတားမြစ်ဆေးသုံးစွဲကြောင်းစစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ကာလရှည်ပွဲပယ် ပြစ်ဒဏ်ဖြစ်သည့် လေးနှစ်အထိပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့‌ရသော်လည်း  အယူခံတင်သွင်းခဲ့ရာ   အောင်မြင်မှုရရှိသည့် အတွက် လေးနှစ်ပွဲပယ်မှ ၁၈ လပွဲပယ်ပြစ်ဒဏ်ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။

ပေါ့ဂ်ဘာအနေဖြင့်မကြာမီပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည့်အတွက်ဂျူဗင်တပ်စ်အသင်းတွင် မကစားလိုသောကြောင့် စာချုပ်ဖျက်သိမ်းကာလမ်းခွဲ ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်ကလပ်အသင်းလက် မဲ့ ဖြစ်နေသော်လည်း     အသင်းသစ်သို့ပြောင်းရွှေ့ခဲ့ပါက ကြံ့ခိုင်မှုပိုင်းအသင့်အနေအထားတွင်ရှိနေစေ ရန် အတွက် လက်ရှိအချိန်ကတည်းက လေ့ကျင့်မှုများ လုပ်ဆောင်နိုင်ရန် အသင်းဟောင်းမန်ယူအသင်း ၏ လေ့ကျင့်ရေးကွင်း၌   လေ့ကျင့်မှုများလုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။