​​​​​​​အယ်ဟီလယ်အသင်းနှင့်စာချုပ်ဖျက်သိမ်းရန်နီးစပ်နေသည့် တိုက်စစ်ကစားသမား နေမာ  အသင်းဟောင်းဆန်းတို့စ်အသင်းထံ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိ

အယ်ဟီလယ်အသင်းနှင့်စာချုပ်ဖျက်သိမ်းရန်နီးစပ်နေသည့် တိုက်စစ်ကစားသမား နေမာ  အသင်းဟောင်းဆန်းတို့စ်အသင်းထံ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိ

ရီယက်  နိုဝင်ဘာ   ၁၈

ဆော်ဒီထိပ်တန်းကလပ်အသင်းဖြစ်သည့် အယ် ဟီလယ်အသင်းနှင့်  စာချုပ်ဖျက်သိမ်းရန်နီးစပ်နေ သည့် တိုက်စစ်ကစားသမား နေမာအနေဖြင့် ကစား သမားဘဝစတင်ခဲ့သော အသင်းဟောင်း ဆန်းတို့စ် အသင်းထံ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိကြောင်း သိရ သည်။

အသက် ၃၂ နှစ်အရွယ် နေမာသည် ၂၀၂၃ ခုနှစ် နွေရာသီ   ကစားသမားအပြောင်းအရွှေ့ကာလက  ပီအက်စ်ဂျီအသင်းမှ       အယ်ဟီလယ်အသင်းသို့ ပြောင်း‌ရွှေ့ကစားပြီးနောက်  ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ကြောင့်  တစ်နှစ်ကျော်ကြာအနားယူခဲ့ရပြီး ဒဏ်ရာမှ   ပြန်လည်သက်သာလာသည့်အတွက်  နိုဝင်ဘာလ ၅  ရက်က  ကစားသည့်   အာရှချန်ပီယံလိဂ်ပွဲစဉ် ဖြစ်သော အယ်ဟီလယ်အသင်းနှင့် အက်စတီဂါလယ် အသင်းတို့ပွဲစဉ်တွင်   တံကောက်ကြောဒဏ်ရာရရှိ ပြီးနောက်  ထပ်မံအနားယူနေရသူ ဖြစ်သည်။

နေမာသည်  အယ်ဟီလယ်အသင်းသို့  ပြောင်း  ရွှေ့ကစားပြီးနောက်  ဒဏ်ရာပြဿနာများကြောင့် မကြာခဏအနားယူနေခဲ့ရသည့်အတွက် အသင်းနှင့် အတူ ပြိုင်ပွဲစုံ    ခုနစ်ပွဲသာပါဝင်ကစားနိုင်ခဲ့သဖြင့် အယ်ဟီလယ်အသင်းက  နေမာ၏ကြံ့ခိုင်မှုပိုင်းနှင့် ပတ်သက်ပြီး   စိတ်မချနိုင်သည့်အတွက်   လာမည့် ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလတွင် စာချုပ်ဖျက်သိမ်းကာလမ်းခွဲရန်ကြိုးပမ်းနေခြင်း ဖြစ်သည်။

နေမာအနေဖြင့်    ကစားသမားဘဝမကုန်ဆုံးမီ ဥရောပတွင်   ကစားလိုသော်လည်း ၎င်း၏ကြံ့ခိုင်မှုပိုင်း တွင်အားနည်းနေသောကြောင့်ခေါ်ယူလိုသည့် အသင်းမရှိဖြစ်နေသည့်အတွက်ဘရာဇီးကလပ် ဆန်းတို့စ် အသင်းထံ ပြန်လည်ပြောင်းရွှေ့ကစားဖွယ် ရှိနေခြင်းဖြစ်သည်။

နေမာသည် ဆန်းတို့စ်အသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်က ဆန်းတို့စ် အသင်းနှင့်   ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုကာ စတင်ပါဝင်ကစားခဲ့သူဖြစ်ပြီး     အသင်းနှင့်အတူ   ပြိုင်ပွဲစုံ ပွဲပေါင်း ၂၂၀ အထိ ပါဝင်ကစားခဲ့ကာ ၁၃၄ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်က ဆန်းတို့စ်အသင်း
မှ  ဘာစီလိုနာအသင်းသို့   ပြောင်းရွှေ့ကစားခဲ့ခြင်း ဖြစ်ပြီး   ယခုအခါတွင်လည်း    အသင်းဟောင်းထံ ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း သိရသည်။