Naypyitaw State Polytechnic University ဖွင့်လှစ်နိုင်ရေး သင်ထောက်ကူ ပစ္စည်းများစီစဉ်ထားရှိမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် နိုဝင်ဘာ ၁၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တွင် Naypyitaw State Polytechnic University ကို စတင်ဖွင့်လှစ် မည်ဖြစ်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊စက်မှုဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့သည်ယနေ့နံနက်ပိုင်းတွင် Polytechnic University ဖွင့်လှစ်နိုင်ရေး သင်ထောက်ကူပစ္စည်းများ စီစဉ်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ပြည်ထောင်စုဝန်ကြီးများသည် Naypyi- taw State Polytechnic University ရှိ Theatre ခန်းများ၊ စာသင်ခန်းများ၊ ICT နည်းပညာများကို အသုံးပြု၍ LMS စနစ် ဖြင့် သင်ကြားသင်ယူမှု ဆောင်ရွက်နိုင်မည့် အခြေအနေ၊ အလုပ်ရုံနှင့် ဘာသာရပ်ဌာန အလိုက် သင်ထောက်ကူပစ္စည်းများ စီစဉ် ထားရှိမှုကိုလှည့်လည်ကြည့်ရှုစစ်ဆေး ကြပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။