သမဝါယမအသင်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်
နေပြည်တော် နိုဝင်ဘာ ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသမဝါယမဦးစီးဌာနမှအရာထမ်း၊ အမှုထမ်းများ၊ သမဝါယမအသင်းအမှုဆောင်များအတွက် သမဝါယမအသင်းများ၏စွမ်းဆောင်ရည်ဖွံ့ဖြိုး တိုးတက်ရေးသင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင်အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာပြည်ထောင်စုဝန်ကြီး ဦးလှ မိုး၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနများမှညွှန်ကြားရေးမှူးများ၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယခုသင်တန်းတွင် သမဝါယမအသင်းများ နည်းစနစ်မှန်ကန်စွာရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရန်အချက်များ၊ နေကြာသီးနှံအား ရုရှားမြေဩဇာသုံးစွဲ၍ စိုက်ပျိုးနည်းစနစ်များ၊ မိုးစပါး၊ ဝါ၊ နေကြသီးနှံများအထွက်နှုန်းတိုးတက်ပြီး ပန်းတိုင်ရည်မှန်းချက်ရရှိရေးအတွက် စနစ်တကျဆောင်ရွက်ရန်အချက်များ၊ သမဝါယမအသင်းစာရင်းဇယားများ စနစ်တကျရှိစေရန်နှင့်ဘဏ္ဍာငွေများစနစ်တကျထိန်းသိမ်းတတ်စေရန်၊ စာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းစစ်ဆေးခြင်း စသည့်သမဝါယမပညာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်၍ သင်တန်းသားများအနေဖြင့် ကြိုးစား လေ့လာသင်ယူကြစေလိုကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
သင်တန်းသို့ သင်တန်းသား ၉၆၉ ဦးတို့က စာတွေ့လက်တွေ့သင်ယူခြင်းစနစ်၊ Online စနစ်တို့ဖြင့် နိုဝင်ဘာလ ၁၈ ရက်မှ ၂၁ ရက်အထိ လေ့လာသင်ယူသွားကြမည် ဖြစ်ကြောင်း သိရသည်။