အက်ဖ်အေက လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့သည့် စပါးအသင်းကစားသမား ရိုဒရီဂိုဘန်တန်ကူလာကို ခုနစ်ပွဲပယ်နှင့် ဒဏ်ကြေးငွေ ပြစ်ဒဏ်ချမှတ်

အက်ဖ်အေက လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့သည့် စပါးအသင်းကစားသမား ရိုဒရီဂိုဘန်တန်ကူလာကို ခုနစ်ပွဲပယ်နှင့် ဒဏ်ကြေးငွေ ပြစ်ဒဏ်ချမှတ်
 

လန်ဒန် နိုဝင်ဘာ ၁၉
 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က အသင်း ဖော် ဆွန်ယောင်မင်ကို  လူမျိုးရေးခွဲခြားသည့်စကားအသုံးအနှုန်းများပြောဆိုခဲ့သည့်  စပါးအသင်းကွင်း လယ်ကစားသမား ရိုဒရီဂိုဘန်တန်ကူလာကို ခုနစ်ပွဲ ပယ်နှင့်   ဒဏ်ကြေးငွေ   ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းသိရသည်။

ရိုဒရီဂိုဘန်တန်ကူလာသည်   တီဗွီအင်တာဗျူး အစီအစဉ်တစ်ခုတွင် အသင်းဖော် ဆွန်ယောင်မင် နှင့်ပတ်သက်၍  လူမျိုးရေးခွဲခြားသည့်စကားအသုံး အနှုန်းများကိုပြောကြားခဲ့ပြီး    ဆွန်ယောင်မင်နှင့်  တောင်ကိုရီးယားနိုင်ငံသားများအပေါ်တွင် လူမျိုးရေးခွဲခြားမှုပြုလုပ်သည့်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ ချုပ်(အက်ဖ်အေ)က ရိုဒ ရီဂိုဘန်တန်ကူလာကို ကနဦး ခုနစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း     ထပ်မံစစ်ဆေးမှုများပြုလုပ်ပြီးနောက် စည်းမျဉ်းအပိုဒ် (၃)နှင့်ငြိစွန်းနေသဖြင့် ဒဏ်ကြေးငွေ ယူရို ၁၀၀၀၀၀ ပေးဆောင်ရန်  ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ရိုဒရီဂိုဘန်တန်ကူလာသည်  အသင်းဖော်  ဆွန်ယောင်မင်အပေါ်တွင် စနောက်သည့်သဘောဖြင့် ပြောကြားခဲ့သော်လည်း ၎င်း၏စကားအသုံးအနှုန်း များမှာ    ဆွန်ယောင်မင်နှင့် တောင်ကိုရီးယားနိုင်ငံသားများအပေါ်တွင် လူမျိုးရေးခွဲခြားသည့်သဘောသက်ရောက်နေသည့်အတွက်    ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

‌ရီဒရီဂိုဘန်တန်ကူလာက ၎င်း၏လုပ်ရပ်အတွက် အသင်းဖော် ဆွန်ယောင်မင်ကို ပြန်လည်တောင်းပန် ခဲ့သော်လည်း ပြစ်မှုကျူးလွန်သည့်အတွက်အက်ဖ်အေက ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ကြေးငွေ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

‌ရိုဒရီဂိုဘန်တန်ကူလာအနေဖြင့်    ခုနစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့်အတွက် မန်စီးတီးအသင်း၊ ဖူလ်ဟမ်အသင်း၊ ဘုန်းမောက်အသင်း၊ ချယ်လ်ဆီး အသင်း၊ ဆောက်သမ်တန်အသင်းနှင့် လီဗာပူးအသင်း တို့နှင့်ကစားမည့်ပွဲစဉ်များအပြင်  မန်ယူအသင်းနှင့် ကစားမည့် ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်များကို လွဲချော်ရမည်ဖြစ်သည့်အပြင် ဒီဇင်ဘာလ ၂၆  ရက်တွင် ကစားမည့် နော်တင်ဟမ်အသင်းနှင့်ပွဲစဉ်မှသာ  ပြန်လည်ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။