ကိုဗင်ထရီအသင်းက ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် နည်းပြလမ်းပတ်ကိုခန့်အပ်ရန်ဆွေးနွေးမှုများပြုလုပ်  

 

ကိုဗင်ထရီအသင်းက ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် နည်းပြလမ်းပတ်ကိုခန့်အပ်ရန်ဆွေးနွေးမှုများပြုလုပ်  

လန်ဒန်  နိုဝင်ဘာ  ၁၉

အင်္ဂလန်ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းက ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် နည်းပြလမ်းပတ် ကို ခန့်အပ်ရန်အတွက် ဆွေးနွေးမှုများပြုလုပ်နေပြီး သဘောတူညီမှုရရှိရန်နီးစပ်လျက်ရှိကြောင်းသိရသည်။

ကိုဗင်ထရီအသင်းက    နည်းပြမာ့ခ်ရော်ဘင်ကို အသင်းနည်းပြရာထူးမှ ထုတ်ပယ်ပြီးနောက် နည်းပြ သစ်အမြန်ဆုံးခန့်အပ်ရန်     ကြိုးပမ်းလျက်ရှိပြီးအစောပိုင်းက နည်းပြလမ်းပတ်အပြင် မန်ယူအသင်းနှင့်လမ်းခွဲပြီးနောက်   ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် နည်းပြ  ဗန်နစ္စတယ်ရွိုင်းနှင့်   သတင်းများထွက်ပေါ်ခဲ့သော်လည်း    ယခုအခါ   နည်းပြလမ်းပတ်နှင့် တရားဝင်ဆွေးနွေးမှုများလုပ်ဆောင်လျက်ရှိပြီးသဘောတူညီမှုရရှိရန်လည်း နီးစပ်နေခြင်းဖြစ်သည်။

အသက် ၄၆ နှစ်အရွယ် နည်းပြ လမ်းပတ်သည်ပရော်ဖက်ရှင်နယ်နည်းပြဘဝကို    ၂၀၁၈   ခုနှစ်က အင်္ဂလန်ချန်ပီယံရှစ်ကလပ်အသင်းတစ်သင်းဖြစ်သည့်  ဒါဘီအသင်းနှင့်စတင်ပြီးနောက်  ချယ်လ်ဆီးအသင်းနှင့်    အဲဗာတန်အသင်းတို့ကို  တာဝန်ယူကိုင်တွယ်ခဲ့ပြီး ၂၀၂၃ ခုနှစ်က ချယ်လ်ဆီးအသင်းနှင့်လမ်းခွဲပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။

နည်းပြလမ်းပတ်သည် ဒါဘီအသင်းကို တာ၀န်ယူ ကိုင်တွယ်ခဲ့ပြီး အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အတွေ့ အကြုံရှိသည့်အတွက် ကိုဗင်ထရီအသင်းက နည်းပြသစ် အဖြစ်ခန့်အပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။