​​​​​​​အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင်  မြန်မာအသင်းက အင်ဒိုနီးရှား အသင်းကို ရှုံးနိမ့်

အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင်  မြန်မာအသင်းက အင်ဒိုနီးရှား အသင်းကို ရှုံးနိမ့်

ရန်ကုန်  နိုဝင်ဘာ  ၁၉

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပလျက်ရှိသည့် အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုတတိယပွဲစဉ် အဖြစ် ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့ကစားခဲ့ရာ မြန်မာအသင်းက ၇ ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးအနိုင်ရရှိမှသာ တတိယလုပွဲကစားရန်မျှော်လင့်ချက်ရှိမည်ဖြစ်သည့်အတွက် အကောင်းဆုံး ပြင်ဆင်လာခဲ့သော်လည်း မြန်မာအသင်း အနေဖြင့် အင်ဒိုနီးရှားအသင်းကို ခြေစွမ်း ပိုင်းအရ ရင်ဆိုင်ရန်ခက်ခဲခဲ့ပြီး ပထမပိုင်း တွင် ၃ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့ကာ ဒုတိယပိုင်း တွင် အင်ဒိုနီးရှားအသင်းက  လေးဂိုး ထပ်မံ သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို ၇ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး  လိုအပ်နေသည့် အနိုင်ရမှတ်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။

အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်းသည် အုပ်စုပွဲစဉ် လေးပွဲကစားခဲ့ရာ  ဖိလစ်ပိုင်အသင်းနှင့်ပွဲစဉ်တွင်နှစ်ဂိုးစီ  သရေရလဒ်ဖြင့်လည်းကောင်း၊ဗီယက်နမ်အသင်းနှင့်ပွဲစဉ်တွင် ၅ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ ထိုင်းအသင်းနှင့် ပွဲစဉ်တွင်၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ အင်ဒိုနီးရှား သင်းနှင့်ပွဲစဉ်တွင် ၇ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း ရှုံးနိမ့်ခဲ့သည်။

အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စုလေးပွဲ ကစားခဲ့ရာတွင် တစ်ပွဲသာသရေရလဒ်ရရှိ ခဲ့ပြီး သုံးပွဲရှုံးနိမ့်ခဲ့ကာ ရမှတ်တစ်မှတ်ဖြင့် အုပ်စုအောက်ဆုံးတွင် ရပ်တည်နေသည်။