၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အသင်းလိုက်အားကစားနည်းများအတွက် ပွဲစဉ်ဇယားမဲနှိုက်ခြင်းအခမ်းအနားကျင်းပ

 

 

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အသင်းလိုက်အားကစားနည်းများအတွက် ပွဲစဉ်ဇယားမဲနှိုက်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်    နိုဝင်ဘာ   ၁၉

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်  အမျိုးသားအားကစားပွဲတော်   ဝန်ကြီးဌာနအဆင့်အသင်းလိုက် အားကစားနည်းများအတွက် ပွဲစဉ်ဇယားမဲနှိုက်ခြင်း  အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအစည်းအဝေးခန်းမ၌ကျင်းပသည်။

ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်   ပြိုင်ပွဲကျင်းပရေးနှင့်  နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ဝန်ကြီးဌာနအဆင့်    အားကစားနည်းခြောက်နည်း၊ပြည်နယ်နှင့်    တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်းနှင့်  မသန်စွမ်းအားကစားနည်း လေးနည်းတို့ဖြင့် ကျင်းပသွားမည်ဖြစ်၍ ဝန်ကြီးဌာနအဆင့် အသင်းလိုက်   အားကစားနည်းများဖြစ်သည့်ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းအားကစားနည်းများအတွက် အုပ်စုမဲနှိုက်ခြင်းနှင့်ပွဲစဉ်ဇယားများ ကြိုတင်ရေးဆွဲနိုင်ရေးအတွက် ယခုအခမ်းအနားကို  ကျင်းပရခြင်းဖြစ်ကြောင်း၊   ပြိုင်ပွဲယှဉ်ပြိုင်ကစားရာတွင် တရားမျှတမှုရှိစေရေးအတွက် ပြိုင်ပွဲဝင်အသင်းများအနေဖြင့်သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊နည်းဥပဒေများအတိုင်း လိုက်နာယှဉ်ပြိုင်သွားရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဝန်ကြီးဌာနအဆင့် အသင်းလိုက်အားကစားနည်းများဖြစ်သည့်ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းအားကစားနည်းများအတွက်အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားများ ကြိုတင်ရေးဆွဲခြင်းများကို  ဆောင်ရွက်သည်။

အဆိုပါအခမ်းအနားသို့  ၂၀၂၄ ခုနှစ်ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့်     နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ပြိုင်ပွဲဝင်ဝန်ကြီးဌာနများမှ အသင်းအုပ်ချုပ်သူများ၊ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များမှ  တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြောင်း သိရသည်။